♪ KMD သီတင်းကျွတ် အထူးဈေးရာင်းပွဲတော် ပြုလုပ်မည် ♫


KMD သီတင်းကျွတ် အထူးဈေးရောင်းပွဲကို စက်တင်ဘာလ ၂၈ ရက်ကနေ အောက်တိုဘာလ ၃ ရက်ထိ နံနက် ၉ နာရီကနေ ည ၇ နာရီ အထိ KMD မြေနီကုန်းစင်တာ အမှတ်(၃၃၁)၊ ပြည်လမ်း၊ မဟာမြိုင်ကားမှတ်တိုင်အနီး၊ မြေနီကုန်း KMD ခြံဝန်းအတွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

ပွဲမှာ ကွန်ပျူတာ ၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေကို အထူးလျှော့ဈေး ၇၀ ရာခိုင်နှုန်းအထိ ရောင်းချပေးမယ့်အပြင် ဗလာမပါကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်မှာဖြစ်ပြီး လစဉ်ပေး အရစ်ကျစနစ်နဲ့ ဝယ်ယူသူတွေကိုလည်း ၇၀ ရာခိုင်နှုန်း လျှော့ချပေးမယ်လို့ သိရပါတယ်။ Brand တွေရဲ့ Cashback အစီအစဉ်တွေ၊ အထူးလက်ဆောင် အစီအစဉ်တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။

KMD Institute မှ ကွန်ပျူတာပညာရပ်တွေကို သင်ကြားတတ်မြောက်ချင်တဲ့ ကျောင်းသား/သူ များအတွက် Application and Professional Courses သင်တန်း အပ်နှံသူများအတွက် ၂၀ ရာခိုင်နှုန်း Discount ပေးသွားမှာဖြစ်ပြီး UK ကနေ တိုက်ရိုက်ချီးမြှင့်တဲ့ First Year Diploma in Business and Information Technology (L4DBIT) သင်တန်းကိုလည်း ၂၀ ရာခိုင်နှုန်း Discount ပေးသွားမှာဖြစ်ပါတယ်။


အသေးစိတ်ထပ်မံသိရှိပါက ဖုန်း- ၀၁ ၅၀၃၅၁၁ ၊ ၅၀၃၅၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။


-သန္တာ
Credit to ==> Internet Journal







0 comments:

Post a Comment