♪ “Xiaomi Redmi Note 4 ကိုယှဉ်ပြိုင်တဲ့ Gionee X1s” ♫

Image may contain: phone

Gionee က မိတ်ဆက်လိုက်တဲ့ X1s စမတ်ဖုန်းဟာဈေးနှုန်းနဲ့ Specifications အပိုင်းမှာနာမည်ကျော် Xiaomi Redmi Note 4 ကိုယှဉ်ပြိုင်ချင်တဲ့ သဘောရှိပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီးအိန္ဒိယမှာရူပီး ၁၂၉၉၉ ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ မြန်မာငွေ အားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ Gionee X1s ဟာ Xiaomi Redmi Note 4 လိုတန်ဖိုးနည်းစွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။

Gionee X1s ဟာတန်ဖိုးကြီးစမတ်ဖုန်းဒီဇိုင်း ဖြစ်ပြီးသတ္တုကိုယ်ထည်က ခန့်ညားပါတယ်။ Gionee X1s မှာ ၅.၂ လက်မ HD Display သာ တပ်ဆင် ထားပြီးXiaomi Redmi Note 4 ရဲ့ Full HD Display ထက် အားနည်းပါတယ်။

Gionee X1s မှာ 3GB RAM, 16GB Internal Storage ထည့်သွင်း ထားပါတယ်။ Quad-Core MediaTek MT6737T Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 16MP Camera ပါပါတယ်။ အရွယ်အစားကြီးမားတဲ့ 4000mAh Battery တပ်ဆင်ထားတဲ့အတွက် ဘက်ထရီသက်တမ်းအလွန် ကောင်းမွန်မှာ ဖြစ်ပါတယ်။

Gionee X1s မှာ Fingerprint Scanner ပါပါတယ်။ Dual-SIM Slot နဲ့ microSD Card Slot များပါပါတယ်။ အနက်နဲ့ ရွှေရောင်များရွေးချယ်နိုင် ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








0 comments:

Post a Comment