♪ " Android O ရဲ့ Feature တွေထဲက အချက်တစ်ချို့ " ♫

Image may contain: text

Android O ဆိုတာက နောက်ထွက်မယ့် Android OS ကို ခန့်မှန်းပေးထားကြတဲ့ နာမည်တစ်ခုပါ။ ဒါဟာ Official name ဟုတ်မဟုတ် မသေချာသေးပေမယ့် beta ကိုတော့ Developer တွေက စမ်းသပ်နေကြပြီပဲဖြစ်ပါတယ်။ ကဲ Android O မှာ ပါဝင်လာနိုင်မယ့် ထူးခြားချက်တစ်ချို့ကို လေ့လာကြည့် ရအောင်ပါ။

Developer တွေရဲ့ အဆိုအရ Android O မှာတွေ့ရမယ့် emoji အသစ်တွေက ကာတွန်းပုံ ပိုဆန်လာပြီး အပြုအမူတွေကလည်း တကယ့်လက်တွေ့နဲ့ ပိုနီးစပ်လာမှာပါတဲ့ picture in picture ဆိုတဲ့ ဖန်ရှင်ကတော့ ဝက်ဘ်ဆိုက်ဖွင့်ပြီး ကြည့်နေတုန်းမှာ video call ဝင်လာရင်တောင် task နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ Setting app ကိုလည်း ပုံစံသစ်နဲ့ ဆန်းသစ်ထားပြီး slideout menu ပုံစံကို ဖယ်ရှားလိုက်ပြီပဲ ဖြစ်ပါတယ်။ မူလရှိနေတဲ့ ရိုးရိုး text selection tools တွေအစား Smart text select ကို Android O မှာ တွေ့လာရဖွယ်ရှိပါတယ်။ လိပ်စာပါတဲ့ စာသားကို select မှတ်လိုက်ရင် မြေပုံကအစ ပြပေးမှာဖြစ်ပြီး ဖုန်းနံပါတ်ပါဝင်တဲ့ စာသားကို select မှတ်လိုက်ရုံနဲ့ ဖုန်းထဲမှာ တိုက်ရိုက် save ဖို့ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြင်ပကနေ ထပ်မံထည့်သွင်းမယ့် apps အသစ်တွေအတွက် scan ဖတ်ပြီးမှ လက်ခံပေးမှာဖြစ်လို့ လုံခြုံရေးပိုင်း အားသာချက်ရှိလာမှာဖြစ်ပါတယ်။ Wifi ပိတ်ထားပေမယ့် နေ့စဉ်အသုံးပြုနေကျ wifi ကွန်ရက်ထဲရောက်တာနဲ့ အလိုလိုပြန်ဖွင့်ပေးမှာလည်း ဖြစ်ပါတယ်။ Battery setting ကလည်း ပိုပြီးအသေးစိတ်လာကာ app တစ်ခုရဲ့ အသုံးပြုမှုကို ကြည့်မယ်ဆိုရင် active use အပြင် background မှာပါ ဘက်ထရီဘယ်လောက် စားနေတယ်ဆိုတာ ဖော်ပြပေးမှာပါ။ ချိန်ညှိနိုင်တဲ့ blue light filter ကလည်း ညပိုင်းအချိန် ဖုန်းအသုံးပြုမှုအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

App icon တွေကို အဝိုင်း၊ လေးထောင့် ၊ ဆလင်ဒါပုံ စသဖြင့် ပြောင်းလဲမယ်ဆိုရင် setting ထဲက change icon shape မှာ ပြုပြင်နိုင်ပါလိမ့်မယ်။ Android O မှာ နိုတီတွေကို အသေးဆုံးချုံ့ပြီး ပြသပေးမှာဖြစ်ပါတယ်။ Quick setting ပုံစံသစ်အပြင် လုပ်ဆောင်နေဆဲ ပြန်မထွက်ဖြစ်တဲ့ app တွေကို dots လေး ပြထားပေးမှာဖြစ်ပါတယ်။ Autofill password ကတော့ chrome နဲ့ တစ်ခြား app တွေမှာ password တွေကို မှတ်သားထားပြီး auto ဖြည့်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက လုံခြုံရေးပိုင်းအရတော့ အဆင်မပြေလောက်ပါဘူး။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment