♪ Nokia 3310 ကို Sex Toy လို သုံးနေတဲ့ အိန္ဒိယ အမျိုးသမီးများ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Nokia-3310-vibrators.png?fit=800%2C450&ssl=1

လွန်ခဲ့တဲ့ လအနည်းငယ်က ကျင်းပခဲ့တဲ့ MWC 2017 မှာ Nokia က စမတ်ဖုန်း အသစ်များကို မိတ်ဆက်ခဲ့ပါတယ်။ နိုကီရာက 3310 Feature Phone အသစ်ကိုလည်း ပွဲမှာ ကြေညာခဲ့ပြီး အဲဒီဖုန်းကို အိန္ဒိယမှာ ရူပီး ၃ ထောင်ကျော်လောက်နဲ့ ရောင်းချပေးနေပါတယ်။ အရင်ကလည်း နိုကီရာက 3310 Phone ကို ထုတ်လုပ်ရောင်းချပေးခဲ့ဖူးပြီး မော်ဒယ် အသစ် ပေါ်လာပြီ ဖြစ်လို့ မော်ဒယ် အဟောင်းကို ချောင်ထိုးထားနိုင်ပါပြီ။

ဒါပေမယ့် အိန္ဒိယမှာ Nokia 3310 ဖုန်းအဟောင်းကို အသုံးပြုနေကြတုန်းပါပဲ။ ဖုန်းပြောဖို့အတွက် မဟုတ်ဘဲ Sex Toy သို့မဟုတ် Vibrator အဖြစ် အမျိုးသမီးများက အသုံးပြုနေကြတာပါတဲ့။ အဲဒီ သတင်းဟာ မကြာခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ စစ်တမ်းက အိန္ဒိယ အမျိုးသမီးများရဲ့ ကိုယ့်ကိုကိုယ် လိင်စိတ်ဆန္ဒ အာသာဖြေမှုများကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ စစ်တမ်းအရ အိန္ဒိယ အမျိုးသမီး အချို့ဟာ Nokia 3310 Phone အဟောင်းကို အာသာဖြေရာမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ Sex Toys များ အသုံးပြုမှုဟာ တရားမ၀င်ဘဲ ၀ယ်ယူဖို့လည်း ခက်ခဲပါတယ်။ အဲဒီအတွက် အမျိုးသမီးများဟာ Vibrator ပါတဲ့ ဖုန်းများကို အာသာဖြေမှုအတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။ စစ်တမ်းကို အွန်လိုင်း မီဒီယာ Agents of Ishq က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အိန္ဒိယ အမျိုးသမီး အယောက်တစ်ရာကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment