♪ " Facebook live လွှင့်နေသူနှင့် video chat မှတဆင့် comment ပေးနိုင်တော့မည် " ♫

Image may contain: 4 people, phone

Facebook live လွှင့်နေစဉ်အတွင်း အရင်လိုကွန်မန့်စာသားနဲ့ အပြန်အလှန်စကားပြောတဲ့ စနစ်ကနေ ခွဲထွက်ပြီး မျက်နှာချင်းဆိုင် video chat ပြီး မိမိကွန်မန့်ပေးလိုတဲ့ စကားကို ပြောကြားနိုင်တော့မယ်လို့ သိရပါတယ်။

Facebook အနေနဲ့ live function အသစ် 2 ခု ထပ်မံထည့်သွင်းဖို့ စမ်းသပ်နေတာဖြစ်ပြီး Live chat with fri နဲ့ Live with လို့ အမည်ပေးထားပါတယ်။ Live chat with fri က live လွှင့်နေစဉ်အတွင်း ကွန်မန့်ပေးသူတွေနဲ့ မျက်နှာချင်းဆိုင် video chat ပြုလုပ်နိုင်မယ့် အစီအစဉ်ဖြစ်ပြီး ကွန်မန့်တွေကို လိုက်ဖတ်နေရမယ့်အစား video chat ကိုပဲ အာရုံစိုက်နိုင်တော့မှာ ဖြစ်ပါတယ်။


သင် live လွှင့်နေစဉ်အတွင်း live chat ဖိတ်ခေါ်လာသူတွေကို လက်ခံလိုက်မယ်ဆိုရင် live video အတွက် window အသေးလေးတစ်ခု ထပ်ပေါ်လာမှာဖြစ်ပြီး အလုပ် 2 ခု တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒုတိယ Function သစ်ဖြစ်တဲ့ Live with ကတော့ ယခုတစ်ကြိမ် live မှာ စကားမပြောဖြစ်လိုက်တဲ့ မိတ်ဆွေတွေကို သင်နောက်တစ်ကြိမ် အွန်လိုင်းရှိပြီး live လွှင့်တော့မယ်ဆိုရင် သတိပေးတဲ့ နိုတီ သွားပြပေးနိုင်မယ့် လုပ်ဆောင်ချက်ပါပဲ။


Live လွှင့်နေစဉ်အတွင်း လာရောက်ပါဝင်ဖို့ ဖိတ်ခေါ်နိုင်ပြီး ဒီလုပ်ဆောင်ချက်အားလုံးကို အခြားသူတွေကပါ မြင်တွေ့နိုင်တာကြောင့် ဟောပြောပွဲလိုမျိုးတွေမှာ၊ ပွဲကိုလာရောက်ဖို့အခက်အခဲရှိသူတွေကို guest speaker အနေနဲ့ဖိတ်ခေါ်နိုင်တာကြောင့် live chat နဲ့ live with နှစ်ခုလုံးကအသုံးဝင်လာနိုင်ပါတယ်။လက်ရှိမှာတော့ liveလွှင့်နေစဉ်အတွင်း live chat ထပ်မံပြုလုပ်ဖို့အတွက် လူနှစ်ဦးအထိပဲ ကန့်သတ်လက်ခံထားသေးတယ်လို့ သိရပါတယ်။ Live chat နဲ့ Live with ကို နိုင်ငံတစ်ချို့မှာ စမ်းသပ်နေပြီဖြစ်ပြီး လာမယ့် နွေရာသီအပြီးမှာတော့ နိုင်ငံအားလုံးက အသုံးပြုနိုင်လာမယ်လို့ facebook က ထုတ်ပြန်ထားပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment