♪ " OnePlus 5 မှာ အရောင် (4) မျိုး ပါဝင်လာမည် " ♫

No automatic alt text available.

OnePlus ဖုန်းကုမ္ပဏီကနေ မကြာခင်ထွက်ရှိလာမယ့် OnePlus 5 မှာ အရောင် (4) မျိုး ပါဝင်လာမယ်လို့ သိရပါတယ်။ OnePlus one ၊ OnePlus 2 ၊ OnePlus 3 ၊ OnePlus 3T တို့ ထွက်ရှိအပြီးမှာ OnePlus 5 ရယ်လို့ နံပါတ် 4 ကိုရှောင်ပြီး ထွက်ရှိလာမှာလည်း ဖြစ်ပါတယ်။ Twitter မှာ ဖော်ပြလာတဲ့ အရောင် (4) မျိုးအနက် အနက်၊ အနီနဲ့ ရွှေရောင်တွေက ပြီးပြည့်စုံတဲ့ လှပမှုပေးစွမ်းနိုင်မှာဖြစ်သလို အရောင်တွေ ရောစပ်ထားတဲ့ နံပါတ် (2) အရောင်ကတော့ ဘာအရောင်ရယ်လို့ အတိအကျပြောဖို့တောင် ခက်ခဲမှာ ဖြစ်ပါတယ်။

ပုံမှာဖော်ပြထားတဲ့အတိုင်း ဆိုရင်တော့ ပန်းရောင်၊ မိုးပြာရောင်နဲ့ အစိမ်းနု အစရှိတဲ့ အရောင်ပြေးတွေ စပ်ထားတယ်လို့ ဆိုရမှာပါ။ ကုမ္ပဏီအနေနဲ့ ဒီအရောင် (4) မျိုးထဲက တရုတ်ကုမ္ပဏီတွေ နှစ်သက်ရာအရောင်ကို ရွေးချယ်ခွင့်ပေးထားသလို ဈေးကွက်ရဲ့တောင်းဆိုမှုက (4) ရောင်စလုံး လိုအပ်ရင်တော့ ဒီအရောင် (4) ခုစလုံး ရရှိမယ်လို့ ဆိုထားပါတယ်။ 

ပုံမှာဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် OnePlus 5 နဲ့ နောက်ကာဗာက glass အသုံးပြုထားဖွယ်ရှိပြီး နားကြပ်ပေါက်မပါရှိဘူးလို့ အစပိုင်းခန့်မှန်းမှုအစား 3.5 mm နားကြပ်ပေါက် ပါရှိမယ်လို့ ပြောင်းလဲခန့်မှန်း ထားကြပါတယ်။ 5.5 လက်မ မျက်နှာပြင်ရှိမှာဖြစ်ပြီး 12 MP ကင်မရာ၊ ရှေ့ကင်မရာ 8 MP နဲ့ 3580 ဘက်ထရီ အသုံးပြုလာဖွယ်ရှိပါတယ်။ Android 7.0 Nougat ကိုအခြေခံထားတဲ့ Oxygen OS အသုံးပြုထားပြီး RAM 8GB internal memory 128GB ပါဝင်လာမှာပါ။ 

chipset ကတော့ snapdragon 835 လို့ သိရပါတယ်။ ဒီစမတ်ဖုန်းကို 2017 ဇွန်လထဲမှာ မိတ်ဆက်ဖွယ်ရှိပြီး လက်ရှိ OppoMart ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ 450 လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် Android Authority ရဲ့ အဆိုအရတော့ အမေရိကန်ဒေါ်လာ 650 အထက်မှာရှိနိုင်ပြီး UK မှာတော့ ယူရို 500 ဝန်းကျင် ကျသင့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment