♪ “Huawei က တန်ဖိုးနည်းသတ္တုကိုယ်ထည် စမတ်ဖုန်းကိုမိတ်ဆက်” ♫

Image may contain: one or more people and phone

Huawei က သတ္တုကိုယ်ထည် တပ်ဆင်ထားပြီးဘက်ထရီသက်တမ်း ကောင်းမွန်တဲ့ Honor 6A ကိုမိတ်ဆက်လိုက်ပါတယ်။ ၁၁၅ ဒေါ်လာ သာတန်ကြေးရှိတဲ့အတွက် ဈေးနှုန်းသက်သာပါတယ်။ မေလ ၂၅ ရက် နေ့မှာ ကြိုတင်မှာယူနိုင်ပြီးဇွန်လ ၁ ရက်နေ့မှာရောင်းချပေးမှာပါ။

Honor 6A မှာ 2GB RAM, 16GB Storage တပ်ဆင်ထားပြီးHybrid Card Slot ပါပါတယ်။ 3GB RAM, 32GB Storage Model ကိုလည်းရွေးချယ် နိုင်ပြီး ၁၄၅ ဒေါ်လာသတ်မှတ်ထားပါတယ်။ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 430 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3020mAh Battery က ၁၂ နာရီအသုံးခံပါ တယ်။

အနောက်ဘက်မှာ 13MP Camera တပ်ဆင်ထားပြီး Full HD Video များကိုရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ အောက်မှာလက်ဗွေရာအာရုံခံ ကိရိယာတပ်ဆင်ထားပြီး ၀.၅ စက္ကန့်အတွင်းမှာဖုန်းကို Unlock လုပ်ပေး နိုင်ပါတယ်။ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ 4G VoLTEကိုသုံးနိုင်ပါတယ်။ ငွေနဲ့ ရွှေ အပါအ၀င် အရောင်လေးမျိုး ထုတ်လုပ်ပေးထားပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment