♪ LG က အကြမ်းခံတဲ့ X Venture ကို မိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/att-lg-x-venture-840x487.jpg?fit=800%2C450&ssl=1

LG က ၂၀၁၇ ခုနှစ်အတွက် ဒုတိယမြောက် X Series စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့ X Venture ကို မိတ်ဆက်လိုက်ပါတယ်။ IP68 စံနှုန်း ရှိပြီး ရေအနက် ၁.၅ မီတာအထိ ယူဆောင် အသုံးပြုနိုင်ပါတယ်။ ဖုန် မ၀င်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ 14 MIL-STD 810G certification ရရှိထားပြီး အလွန် မြင့်မားတဲ့ အပူချိန်၊ တုန်ခါမှုများကိုလည်း ခံနိုင်ပါတယ်။

X Venture မှာ Qualcomm Snapdragon 435 Chipset , 2GB RAM ထည့်သွင်းထားပါတယ်။ ၅.၂ လက်မ LCD Full HD Display , Android 7.0 Nougat တပ်ဆင်ထားပါတယ်။ 32GB Internal Storage တပ်ဆင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ 4100mAh Battery ပါပြီး ၂၄ နာရီ အသုံးခံတယ်လို့ LG က ပြောပါတယ်။ ၄၈ မိနစ်အတွင်းမှာ ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ Quick Charge 2.0 နည်းပညာ ပါပါတယ်။

အနောက်ဘက်မှာ 16MP Camera နဲ့ အရှေ့ဘက်မှာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် Selfie များ ရိုက်ပေးနိုင်တဲ့ 5MP Camera ပါပါတယ်။ LG ရဲ့ Outdoor Essentials App ကို ဖွင့်ပေးမယ့် QuickButton ကို ဖုန်းရဲ့ ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ App မှာ barometer, compass, step/calorie/distance counter, weather information နဲ့ flashlight များ ပါပါတယ်။ QuickButton ကို တစ်ချက်နှိပ်ရင် Outdoor Essentials ၊ ဖိထားရင် Settings Menu နဲ့ နှစ်ချက်နှိပ်ရင် Glove Mode များကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို ကုမ္ပဏီက မကြေညာသေးပါဘူး။



Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment