♪ " LG Stylo 3 Plus အား တရားဝင်ပြသ " ♫

Image may contain: phone

LG မှ US တွင် စမတ်ဖုန်းအသစ်တစ်လုံးကို ထပ်မံမိတ်ဆက်ခဲ့ကာ LG Stylo 3 Plus ဟု အမည်ပေး ထားကြောင်း သိရသည်။ အဆိုပါဖုန်းတွင် Snapdragon 435 SoC ကို သုံးထားကာ Octa-Core 1.4GHz Processor ဖြစ်ပြီး 5.7” Full HD Display ပါဝင်ခဲ့သည်။

RAM 2GB ပါဝင်ပြီး Storage မှာ 32GB ဖြစ်သည်။ ကျောဘက်အဓိကကင်မရာမှာ 13MP ဖြစ်ပြီး ရှေ့ ဘက်တွင် 5MP ကင်မရာပါဝင်သည်။ Android 7.0 Nought ကိုသုံးထားပြီး 3080mAh ဘက်ထရီအား သုံးစွဲထားသည်။ ထိုဖုန်းတွင် Stylus pen ပါဝင်သလို Fingerprint Sensor ပါဝင်ကြောင်း သိရသည်။ 155.7×79.8× 7.4mm အရွယ်အစားရှိပြီး 150g လေးသည်။ 5.7” Display မှာ IPS LCD အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

Snapdragon 435 နှင့်အတူ Adreno 505 GPU ပါဝင်လာကြောင်း သိရသည်။ 13MP ကင်မရာမှာ 1.3”Sensor အရွယ်အစားရှိ၍ 1.12mm Pixels အရွယ်အစားဖြစ်ပြီး Full HD 1080p ဗီဒီ ယိုအား 30Fps ဖြင့် ရိုက်ကူးပေးနိုင်သည်။ Connectivity အနေဖြင့် Wifi 802.11 b/g/n, Bluetooth 4.2 စသည်တို့ ပါဝင်သည်။

မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment