♪ “Acer က Iconia Tab 10 Tablet ကိုကြေညာ” ♫

Image may contain: screen

Acer က ၁၀ လက်မ Quantum Dot Display တပ်ဆင်ထားတဲ့ Iconia Tab 10 Tablet ကိုကြေညာလိုက်ပါတယ်။ ဒီမျက်နှာပြင် နည်းပညာဟာ Sony က သူ့ရဲ့ စမတ်ဖုန်းများနဲ့ Triluminos TVs များမှာသုံးတဲ့ နည်းပညာနဲ့ တူညီပါတယ်။ Samsung က ဒီနည်းပညာကို QLED လို့ ခေါ်ပြီး Philips က သူ့ရဲ့ Color IQ TVs များမှာအသုံးပြုထားပါတယ်။

Quantum Dots ဟာ LCD နဲ့ OLED Display နည်းပညာများအကြားမှာ ရှိပါတယ်။ LCD များနဲ့ယှဉ်ရင် သူတို့ဟာပိုမိုတောက်ပပြီး ကြည်လင် ပြတ်သားပါတယ်။ အရောင်အသွေးပိုမိုစုံလင်ပြီးစွမ်းအင် စားသုံးမှု နည်းပါး ပါတယ်။ တီဗီများမှာ Quantum Dots Display ကို HDR စွမ်းရည်နဲ့ ပေါင်းစပ် အသုံးပြုကြပါတယ်။

Iconia Tab 10 မှာအသံနဲ့ ရုပ်ထွက်ကိုအဓိကဖန်တီးထားပြီးစပီကာ လေးလုံးနဲ့ Sub-Woofer တစ်လုံးတပ်ဆင်ထားပါတယ်။ ၉ မီလီမီတာ သာအထူရှိပေမယ့် အလွန်မြင့်မားတဲ့ အသံအရည်အသွေးကိုထုတ်လုပ် ပေးနိုင်ပါတယ်။

ဘက်ထရီသက်တမ်းမှာ ၈ နာရီ ဖြစ်ပါတယ်။ MediaTek Quad-Core Chipset ထည့်သွင်းထားပါတယ်။ WiFi 802.11ac ပါပြီးဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုမသိရသေးပါဘူး။ မေလ ၃၀ ရက်နေ့မှာ ကျင်းပ မယ့် Taipei Computex Event မှာသူ့ရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုထပ်မံ ကြားသိရမှာပါ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment