♪ ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/messengerlite_main_1493357755044.jpg?fit=800%2C450&ssl=1

Facebook က Messenger ကို ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုတဲ့ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေပေးပို့နိုင်ပါပြီ။ Messenger ကနေ Uber အငှားယာဉ်ကို နိုင်ငံအချို့မှာ ခေါ်နိုင်ကြပါတယ်။ မကြာခင်ကလည်း ဂိမ်းများ ကစားနိုင်တဲ့ ၀န်ဆောင်မှုကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါတယ်။ ဂိမ်းများ မကစားတဲ့ လူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ပါပဲ။ ဒါ့အပြင် ၀န်ဆောင်မှုများ ထည့်သွင်းလာတာနဲ့ အမျှ Messenger ဟာ ဖုန်းရဲ့ စွမ်းအင်ကို အလွန် စားသုံးလာတဲ့ အတွက် ဖုန်းလေးလံခြင်းကို ဖြစ်စေပါတယ်။ ဒီလို ၀န်ဆောင်မှု အပိုများကို မသုံးချင်သူများအတွက် ရိုးရှင်းပြီး ပေါ့ပါးသွက်လက်တဲ့ Messenger Lite ကို ဖန်တီးပေးထားပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းများအတွက် ဒီဇိုင်းထုတ်ထားတာပါ။

အခုဆိုရင် Messenger Lite ကို ကမ္ဘာအ၀န်းမှာ အသုံးပြုသူ သန်း ၂၀၀ ကျော်ပါပြီ။ Messenger Lite ဟာ မြန်ဆန်ပြီး ဒေတာအနည်းငယ်ကိုသာ စားသုံးပါတယ်။ အင်တာနက်လိုင်း မကောင်းတဲ့ နိုင်ငံများမှာတောင် အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Lite ဟာ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က Messenger နဲ့ ဆင်တူပါတယ်။ သူ့မှာ Home, Contact နဲ့ Profile ဆိုတဲ့ Tab သုံးခုသာ ပါပါတယ်။ Home မှာ Chats များကို ပြသထားပါတယ်။ Contacts မှာ သင့်ရဲ့ Facebook သူငယ်ချင်းများအားလုံးကို ပြသထားပြီး သင် စကား အများဆုံးပြောတဲ့ လူများကို ထိပ်ဆုံးမှာ ထားရှိပေးထားပါတယ်။ Profile မှာ Settings, Notifications များကို စီမံခန့်ခွဲနိုင်ပါတယ်။ သူ့ရဲ့ Interface ဟာ အလွန် ရိုးရှင်းပါတယ်။

Facebook က Lite ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဖြန့်ချီပေးထားပါတယ်။ Google Play Store မှာ မြန်မာနိုင်ငံကနေ အင်စတော ပြုလုပ်နိုင်ပါတယ်။ Play Store မရှိသူများအတွက် Apkmirror.com ကနေ ရယူနိုင်ပါတယ်။

Download
Play Store Apkmirror 


ဒါပေမယ့် Messenger Lite မှာ အောက်ပါ စွမ်းဆောင်ချက်များ သို့မဟုတ် ၀န်ဆောင်မှုများကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
• Voice and Video Calling
• App Extensions ( Spotify, Lyft , etc. )
• GIFs
• Chat Heads
• SMS
Messenger Lite ကို သုံးရင် ပြန်ရရှိမယ့် အကျိုးကျေးဇူး အနေနဲ့ အောက်ပါ စိတ်ရှုပ်စရာများကို သင်မြင်ရမှာ မဟုတ်ပါဘူး။
• Messenger Day
• Games
• Bots
• Contacts များကို Sync ပြုလုပ်ဖို့ သတိပေးခြင်းများ
• နှောင့်နှေးကြန့်ကြာမှု
ဒါ့အပြင် Lite ဟာ သင့်ဖုန်း Storage ကို အနည်းငယ်သာ အသုံးပြုပါတယ်။ Apk ဖိုင်အရွယ်အစားကလည်း အလွန် သေးငယ်ပါတယ်။
Lite မှာ Face Filters များနဲ့ Built-in Camera များလည်း မပါပါဘူး။ ဒါပေမယ့် Stickers , Emoji များကိုတော့ သုံးနိုင်ပါတယ်။ ဖုန်းပြောလို့ မရပေမယ့် စကားများကို Record လုပ်ပြီး ပေးပို့နိုင်ပါတယ်။ Lite ကို Android အတွက်သာ ဖန်တီးပေးထားပြီး iOS အတွက်တော့ မထွက်ရှိသေးပါဘူး။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment