♪ “ 1GB RAM နှင့် ထို့ထက်နည်းသော device များအတွက် Android Go ” ♫

Image may contain: text

I/O developer conference တွင် Google သည် Android Go အား ပြသသွားခဲ့ပြီး Android One ၏ ကွပ်လပ်နေရာအား အစားထိုးနိုင်မည့် အစီအစဉ်ဖြစ်ပြီး Android One အား ဖုန်းအသစ်များတွင် မတွေ့ရသည် မှာ ကြာခဲ့ပြီဖြစ်သည်။

မည်သို့ဖြစ်စေ Android One 2.0 ဟု အမည်မပေးဘဲ Android Go ဟု ခေါ်တွင်ခဲ့သဖြင့် ကွဲပြားမှုများရှိလိမ့်မည်ဟု ယူဆနိုင်သည်။ YouTube Go app ကြောင့် Android Go ကို ဖန်တီးရန်အကြံရလာ ခဲ့ခြင်းဖြစ်သည်ဟု Google မှဆိုခဲ့ပြီး Android O နှင့် နောက်ပိုင်း OS သုံး device များတွင် RAM 1GB (သို့) ထို့ ထက်နည်းပါက Android in the Go configuration အား သုံးနိုင်မည်ဖြစ်ကာ 512MB RAM ထိပင် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်

Android Go သည် နိမ့်ကျသော hardware များဖြင့် အလုပ်လုပ်နိုင်ပြီး network connectivity နှင့် data plan လဲများစွာ လိုအပ်မည်မဟုတ်ပေ။ Quick setting ၌ data management ပါဝင် ပြီး data plan အား အမြဲသိနိုင်မည်ဖြစ်သည်။ Android Go တွင် Data saver feature အား defult ဖြင့် သုံးမည်ဖြစ်ပြီး data သုံးစွဲမှုကို သက်သာစေမည်ဖြစ်သည်။ 

Go devices အတွက် သုံးနိုင်မည့် app များမှာ Google ၏ Building for Billions နည်းလမ်းကို လိုက်နာရမည်ဖြစ်ပြီး Network ညံ့ဖျင်းမှု၊ data plan များနှင့် hardware ညံ့ဖျင်းမှုများကို app ဖန်တီးရာတွင် ထည့်သွင်းတည်ဆောက်ရမည်ဖြစ်သည်။ ပထမဆုံး Android Go device အား 2018 တွင် စတင်မြင်ရမည်ဟု သိရသည်။

မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment