♪ " iPhone SE ကိုင်ဆောင်သူတွေက အခြားဖုန်းကိုင်ဆောင်သူတွေထက် စိတ်ကျေနပ်မှုပိုမိုရရှိ " ♫

Image may contain: phone

Apple ရဲ့ iPhone SE ကိုင်ဆောင်သူတွေအနေနဲ့ အခြားဖုန်းကိုင်ဆောင်သူတွေထက် စိတ်ကျေနပ်မှု ပိုရတယ်လို့ ACSI ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အမှန်တကယ်ဆိုရင် iPhone SE က iPhone 7 နဲ့ 7 plus တို့လောက် ပြီးပြည့်စုံမှု မရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဈေးနှုန်းနဲ့ ပါဝင်မှုတွေအပေါ် လူတွေက တန်တယ်လို့ သတ်မှတ်တာကြောင့် American Consumer Satisfaction Index က ပြုလုပ်တဲ့စစ်တမ်းမှာ နံပါတ် 1 နေရာ ရရှိခဲ့တာပါ။

ဒါဟာ မျက်နှာပြင်ကြီးဖုန်းတွေကို လူတွေပိုကြိုက်တယ်ဆိုတဲ့အချက်နဲ့ ဆန့်ကျင်နေပါတယ်။ ACSI ရဲ့ ဆာဗေးအရ လူ 100 မှာ 87 ယောက်က iPhone SE ကိုင်ဆောင်ရတာ ပိုအဆင်ပြေတယ်လို့ ဖြေကြားထားကြပါတယ်။ ဒါဟာ မျက်နှာပြင်ကြီးပြီး လုပ်ဆောင်နိုင်စွမ်းပိုများတဲ့ iPhone ၊ 7 plus ၊ Samsung S7 ၊ galaxy note 5 အစရှိတာတွေနဲ့ နှိုင်းယှဉ်ရာမှာ iPhone SE ကို အများဆုံးရွေးချယ်အမှတ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

iPhone SE ထွက်ခါစက iPhone 5 ဒီဇိုင်းပြန်ယူထားပြီး memory ကလည်း 16 GB သာရှိတာကြောင့် ကြိုက်နှစ်သက်မှုနည်းနိုင်တယ်လို့ ယူဆခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဈေးနှုန်းသင့်တင့်ပြီး လုပ်ဆောင်ချက် အများကြီး မလိုအပ်သူတွေကတော့ iPhone SE နဲ့ အဆင်ပြေနေကြပါတယ်။ ကုမ္ပဏီကလည်း ဒီ iPhone SE ကို ထပ်ထုတ်မယ့်အရိပ်အယောင် မတွေ့ရသေးပါဘူး။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် 2017 ရဲ့ စိတ်ကျေနပ်မှုအရှိဆုံးဖုန်းထဲမှာ iPhone SE က နံပါတ် 1 ပါပဲ။

မကြာခင်မှာ 10 နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိလာမယ့် iPhone 8 မိတ်ဆက်တော့မှာဖြစ်ပြီး OLED မျက်နှာပြင်နဲ့ function သစ်များစွာ ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဒီအချက်တွေက iPhone SE ရဲ့ဈေးနှုန်းနဲ့ ပါဝင်မှုတွေအပေါ် ကျေနပ်နေသူတွေကိုတော့ မဆွဲဆောင်နိုင်လောက်ပါဘူး။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment