♪ “Porn ကြည့်တာကို လူမမိအောင် ကာကွယ်ပေးမယ့် ကိရိယာ” ♫

Image may contain: text

Porn ကြည့်တာကို လူမမိအောင် ကာကွယ်ပေးမယ့် ကိရိယာကို Porn ၀က်ဆိုက် xHamster က နယ်သာလန် ကုမ္ပဏီ Moos Neimeijer နဲ့ ပူးပေါင်း ဖန်တီးလိုက်ပါတယ်။ ကိရိယာကို Minimeyes လို့ အမည် ပေးထားပြီး ကိရိယာဟာ အခြေခံအားဖြင့် သင့်အခန်းထဲသို့ လူဝင်လာရင် အာရုံခံ သိရှိတဲ့ Motion Sensor တစ်ခု ဖြစ်ပါတယ်။

တီထွင်သူများက ကိရိယာကို နေအိမ်၊ ရုံးခန်း၊ ကော်ဖီဆိုင်များမှာ အသုံးပြု နိုင်တယ်လို့ ပြောပါတယ်။ ကိရိယာဟာ ကွန်ပျူတာနဲ့ ၁၆.၅ ပေ အကွာ အဝေးအတွင်းမှာ Bluetooth ဖြင့် ဆက်သွယ်မှာ ဖြစ်ပါတယ်။ ကိရိယာက အခန်းတံခါးကို အနီအောက်ရောင်ခြည်ဖြင့် စောင့်ကြည့်နေမှာ ဖြစ်ပြီး လူဝင်လာတာနဲ့ သူက ကွန်ပျူတာမှ ၀င်းဒိုးအားလုံးနဲ့ အသံကို ပိတ်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကွန်ပျူတာနဲ့သာ တွဲဖက် သုံးနိုင်ပြီး တက်ဘလက်၊ စမတ်ဖုန်းများနဲ့ အလုပ်မလုပ်ပါဘူး။ စမတ်ဖုန်း၊ တက်ဘလက်များဟာ လူတွေ Porn အကြည့်ဆုံး ကိရိယာများ ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြ ထားတဲ့အတွက် ကိရိယာကို လူကြိုက်ပါ့မလားလို့ စိတ်ပူစရာ ရှိပါတယ်။ ဒါပေမယ့် တီထွင်သူများက အဲဒီ ကိရိယာများနဲ့ တွဲဖက် သုံးနိုင်အောင် ဖန်တီးမယ်လို့ ပြောပါတယ်။

Minimeyes ကို ထုတ်လုပ်ရောင်းချဖို့ လက်ရှိမှာ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ လုံလောက်တဲ့ ရန်ပုံငွေ ပမာဏ ရရင် ဒီဆောင်းရာသီမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံ ဗီဒီယိုကို အောက်ပါ လင့်ကနေ ကြည့်နိုင်ပါတယ်။ 


https://youtu.be/3uTbzJ3iatY



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment