♪ TIPA ရဲ့ အကောင်းဆုံး Photo Smartphone ဆုရရှိခဲ့တဲ့ Huawei P10 နဲ့ P10 Plus ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wxxh.jpg?fit=800%2C450&ssl=1

Huawei Consumer Business Group က HUAWEI P10 နှင့် P10 Plus သည် Technical Image Press Association (TIPA) ဆုကို (၂၀၁၇) ခုနှစ်အတွက် အဖွင့်အနေနှင့် ရရှိကြောင်း ကြေညာလိုက်သည်။
HUAWEI P10 တွင် Leica Camera နှင့် ပူးပေါင်းကာ Leica Dual-Camera 2.0 နှင့် P10 Plus တွင် Leica Dual-Camera 2.0 Pro Edition တို့ကို တပ်ဆင်ခဲ့သည့်အတွက် TIPA က ၂၀၁၇၏ အကောင်းဆုံး ဓါတ်ပုံနှင့် ပုံရိပ်ထုတ်ကုန်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

TIPA ဆုကို ကမ္ဘာတစ်ဝှမ်းက အရည်အသွေးမြင့်ကင်မရာများ၊ မှန်ဘီလူးများ၊ အပိုပစ္စည်းများနှင့် ပုံထွက်ထုတ်ကုန်များအတွက် ပေးအပ်သည်ဟု သတ်မှတ်ထားသည်။

အာရှ၊ သြစတေးလျ၊ ဥရောပ၊ တောင်အမေရိကနှင့် မြောက်အမေရိကတို့ရှိ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွာရေး မဂ္ဂဇင်းတို့မှ အယ်ဒီတာ ၂၇ ယောက်က ယခုနှစ်အတွက်ဆုကို ထောက်ခံမဲပေးခဲ့ကြသည်။ ပညာရှင်များက TIPA ဆုကို အရည်အသွေးအမှတ်တံဆိပ်နှင့် ကင်မရာများ၊ မှန်ဘီလူးများ၊ အပိုပစ္စည်း များရွေးချယ်ဝယ်ယူရာတွင် အထောက်အကူဖြစ်စေမည့် တာဝန်ယူ အကြံဥာဏ်ပေးနိုင်သည့် အမှတ်အသားတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

Huawei Consumer Business Group ၏ CEO၊ Richard Yu မှ “ ဒီဆုဟာ HUAWEI P10 နဲ့ P10 Plus တို့ရဲ့ ဓါတ်ပုံစွမ်းရည်ကို ကျွမ်းကျင်သူတွေက အသိအမှတ်ပြုတဲ့ဆုဖြစ်ပါတယ်။ ဒီဆုကို စိတ်အားထက်သန်စွာ၊ ကျေးဇူးတင်စွာနဲ့ ယုံကြည်ချက်ရှိရှိ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုဟာ ကျွန်တော်တို့ ချမှတ်ထားတဲ့ အတိုင်းရည်မှန်းချက်တွေအတိုင်း အောင်မြင်စွာရယူနိုင်ခဲ့တဲ့ဆိုတဲ့ အောင်မြင်မှုကို စစ်ဆေးပြသနိုင်ခဲ့တဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒီထက်အောင်မြင်မှုတွေရရှိဖို့အတွက် ဆက်လက်ကြိုးစားသွား မှာဖြစ်ပါတယ်။” ဟု မှတ်ချက်ချခဲ့သည်။

TIPA ၏ ဥက္ကဌဖြစ်သူ Thomas Gerwers က “P10 နဲ့ P10 Plus က သူ့ရဲ့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်၊ ဒီဇိုင်းတို့က သစ်လွင်ပြီး တောက်ပတဲ့ပုံရိပ်တွေနဲ့ အလင်းအားနည်းချိန်မှာရိုက်ကူးနိုင်တဲ့ အဆင့်မြင့် အရည်အသွေးတွေကြောင့် နည်းပညာပိုင်းဆိုင်ရာအဖွဲ့ဝင်များ၊ TIPA အဖွဲ့ဝင်များရဲ့ အထင်ကြီးမှုကို ရယူနိုင်ခဲ့ပါတယ်။ Leica ရဲ့ မှန်ဘီလူးနဲ့ပူးပေါင်းထားတဲ့ ဆင်ဆာနှစ်ခုက P10 နဲ့ P10 Plus ရဲ့ တီထွင်ဆန်းသစ်နိုင်မှုနဲ့ အခက်အခဲတွေကို ထိုးဖောက်ကျော်လွှားနိုင်မှုတို့ကို ပြသနိုင်ခဲ့ပြီး စမတ်ဖုန်းဓါတ်ပုံအရည်အသွေးကို မြှင့်တင်နိုင်ခဲ့ပါတယ်။” ဟု ပြောကြားခဲ့သည်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment