♪ “Huawei က MateBookX ,MateBook E နဲ့ MateBook D တို့ကို မိတ်ဆက်” ♫

Image may contain: screen and laptop

Huawei က ဘာလင်မှာ Windows 10 ထည့်သွင်းထားတဲ့ ပီစီအသစ် များကိုမိတ်ဆက်လိုက်ပါတယ်။ Huawei MateBook E ဟာလက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ဖြစ်ပြီး ၁၂ လက်မ 2160x1440 IPS Touchscreen , 4 or 8GB RAM, 128 , 256 or 512GB SSD , 7th Generation Intel Core m3 or i5 CPU , 4430mAh Battery များ တပ်ဆင်ထားပါတယ်။ တိုက်တေနီယမ် အညို၊ ရှန်ပိန်ရွှေရောင်များ ထုတ်လုပ်ထားပြီး ၉၉၉ ကနေ ၁၂၉၉ ယူရိုအကြားတန်ကြေးရှိပါတယ်။

MateBook X ဟာ Apple MacBook ကိုယှဉ်ဖို့ ဖန်တီးထားပါတယ်။ ဒီဇိုင်း ဆင်တူသလိုအခြားအစိတ်အပိုင်းများစွာကလည်းသာလွန်နေပါတယ်။ သူ့မှာ ၁၃ လက်မ 2160x1440 IPS Display , 41.4Wh Battery , 7th Gen Intel Core i5 or i7, 4 or 8GB RAM , 256 or 512GB SSD တပ်ဆင်ထားပါတယ်။ ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များရွေးချယ်နိုင်ပြီး ၁၃၉၉ ကနေ ၁၆၉၉ ယူရိုအကြားတန်ကြေးရှိပါတယ်။

MateBook D မှာ ၁၅.၆ လက်မ Full HD Display , i5 or i7 CPU , 4 , 8, 16GB RAM, 128 , 256GB SSD or 512 , 1TB HDD များတပ်ဆင်ထား ပါတယ်။ ၇၉၉ ကနေ ၉၉၉ ယူရိုအကြားတန်ကြေးရှိပြီးရှန်ပိန် ရွှေ၊ အညိုနဲ့ အပြာရောင်များရွေးချယ်နိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment