♪ Xiaomi Mi 6 Ceramic Edition ကို ရောင်းပြီ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Mi6-Final.png?fit=800%2C450&ssl=1

Xiaomi က တရုတ်မှာ Mi 6 ကို ရောင်းချပေးထားပါတယ်။ အခုတော့ Ceramic Edition ကို ရောင်းချပေးလိုက်ပါပြီ။ Ceramic Edition ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး ရှောင်မီရဲ့ တရုတ် အွန်လိုင်း စတိုးကနေ ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ တရုတ် ယွမ် ၂၉၉၉ ( ၄၃၅ ဒေါ်လာ ) တန်ကြေးရှိပါတယ်။ မြန်မာငွေ အားဖြင့် ၆၀၀ ၀၀၀ နီးပါး ရှိမှာ ဖြစ်ပါတယ်။

Xiaomi Mi 6 Ceramic Edition ရဲ့ အနောက်ဘက်မှာ တောက်ပြောင်တဲ့ ကိုယ်ထည် တပ်ဆင်ထားပါတယ်။ အနောက်ဘက် ကင်မရာ ၂ လုံးရဲ့ ပတ်လည်ကို ၁၈ ကာရက်ရွှေကွင်းဖြင့် အလှဆင်ထားပါတယ်။ အခြား Specifications များကတော့ မူလ မော်ဒယ်နဲ့ တူညီပါတယ်။

Mi 6 မှာ ၅.၁၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12 Megapixel Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ 8 Megapixel Camera ၁ လုံး ထည့်သွင်းထားပါတယ်။ Qualcomm Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 6GB RAM , 3350mAh Battery တပ်ဆင်ထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ Android 7.1.1 Nougat ကို Xiaomi MIUI 8.0 ဖြင့် ပေါင်းစပ်ထားပါတယ်။ Ceramic Edition ဟာ မူလမော်ဒယ်ထက် ၁၄ ဂရမ် ပိုလေးပြီး ၁၈၂ ဂရမ် အလေးချိန် ရှိပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment