♪ Oppo R11 စမတ်ဖုန်း ကို ဇွန်လမှာ မိတ်ဆက်မည် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Untitled-1-2.jpg?fit=800%2C450&ssl=1

Oppo က R11 စမတ်ဖုန်း အသစ်ကို ဇွန်လ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်လာပါတယ်။ တရုတ် လူမှုကွန်ရက် Weibo အသုံးပြုသူတစ်ဦးက Oppo R11 ရဲ့ ပိုစတာကို မျှဝေထားတာ ဖြစ်ပြီး အဲဒီမှာ မိတ်ဆက်မယ့် နေ့ရက်ကို ရေးသားထားပါတယ်။

Oppo R11 နဲ့ ပတ်သက်တဲ့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ မကြာခင်ကလည်း R11 နဲ့ R11 Plus စမတ်ဖုန်းကို တရုတ် ဆက်သွယ်ရေး ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ သတင်းများ ထွက်ပေါ်လာပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များ အရ R11 ရဲ့ Specification အချို့ကို သိခဲ့ရပါတယ်။

Oppo R11 မှာ Qualcomm Snapdragon 660 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ 20 Megapixel Camera ၂ လုံးကို ပူးတွဲ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 20 Megapixel Camera တပ်ဆင်ထားတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ Selfie Photos များ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Oppo R11 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 4GB RAM, 2900mAh Battery ပါရှိပါတယ်။ အရွယ်အစား၊ ဘက်ထရီနဲ့ RAM များကလွဲရင် အခြား Specification များဟာ Plus Version နဲ့ သာမာန် ဗားရှင်းမှာ တူညီကြပါတယ်။ Plus Version မှာ ၆ လက်မ မျက်နှာပြင်၊ 6GB RAM နဲ့ 3880mAh Battery တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment