♪ ကမ္ဘာ့အသေးဆုံး ဒရုမ်း ကို မြန်မာငွေ ၃၅၀၀၀၀ ၀န်းကျင်ဖြင့် ဈေးကွက်ဖြန့်ချီ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/310376CX10C3.jpg?fit=800%2C560&ssl=1

ကမ္ဘာ့အသေးဆုံး ဒရုမ်း လို့လည်း ခေါ်ဆိုနိုင်တဲ့ Cheerson CX-10C ကို မြန်မာငွေကျပ် ၃၅၀၀၀ ၀န်းကျင်နှုန်း (ဒေါ်လာ ၂၅) နဲ့ ဈေးကွက်တင် ရောင်းချဖို့ စတင်ဖြန့်ချိနေပြီ ဖြစ်တယ် လို့ သိရပါတယ်။ဒရုမ်းတွေဟာ မြင်ကွင်းကျယ် အနေအထားနဲ့ အတူတူ လူသူသွားရောက်ဖို့ ခဲယဉ်းတဲ့ နေရာ အနိမ့်၊ အမြင့်တွေ အတွက် အဆင်ပြေစေမယ့် အကောင်းဆုံး Gadget တစ်မျိုး ဖြစ်ပေမယ့် အားနည်းချက်တစ်ခု ကတော့ ဒရုမ်းတိုင်းမှာ တပ်ဆင်ပေးမယ့် ကင်မရာအရည်အသွေးကို အရမ်းကြီး မစွန့်စားရဲတဲ့ အချက်တစ်ခုပါပဲ။

Cheerson CX ကတော့ 2GB ကင်မရာ မမ်မိုရီကဒ် ပါဝင်ပြီး ညပိုင်း ပျံသန်းမှုတွေအတွက် Night Mode တွေလည်း ထည့်သွင်းပေးထားပြီး သမားရိုးကျ ဒရုမ်း အမြန်နှုန်းထက် ၃ ဆ ပိုမို မြန်ဆန်တယ် လို့ ဆိုပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် Cheerson CX ကို ပစ္စည်းသယ်ပို့ဖို့အတွက် ပုံ ထုတ်ထားတာ ဖြစ်ပေမယ့် အရွယ်အစား သေးငယ်တဲ့အတွက် သူလျှိုကင်မရာ အဖြစ်လည်း သုံးစွဲစေနိုင်မယ် လို့ ဆိုပါတယ်။

ဗွီဒီယိုတွေ နဲ့ ဓါတ်ပုံတွေအတွက် Capture ရယူတဲ့အခါမှာ အကောင်းဆုံး အရည်အသွေး ရရှိစေမယ်လို့ ကုမ္ပဏီ က ပြောကြားထားပါတယ်။ ဂင်းနစ်စံချိန်ထဲမှာတော့ မှတ်တမ်းမ၀င်သေးပေမယ့် အရွယ်အစား အားဖြင့် လက်ဖ၀ါးပေါ်ကို တင်ထားလို့ ရနိုင်လောက်အောင် ကို သေးငယ်ပြီး မီးခြစ် အရွယ်အစား လောက်ပဲ ရှိတယ် လို့ သိရပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 

www.pyaephyo.com

0 comments:

Post a Comment