♪ Windows 10 မှာ Custom Keyboard Shortcut ဘယ်လို ဖန်တီးမလဲ ♫


အလုပ်များတဲ့ နေ့တွေမှာ ဆော့ဖ်ဝဲတွေကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ပြုလုပ်နေရတာက ကိုယ့်အတွက် စိတ်ဒုက္ခဖြစ်စေတဲ့ အရာမျိုးကို တစ်ခါတစ်ရံမှာ ဖြစ်ဖူးကြမှာပါ။ အချို့ဆော့ဖ်ဝဲတွေဟာ shortcut အနေနဲ့ အလွယ်တကူမရှိတဲ့ အချိန်မျိုးမှာဖြစ်ဖြစ် ကိုယ်သုံးနေကျဆော့ဖ်ဝဲရဲ့ shortcut ပျောက်သွားတာမျိုးပဲဖြစ်ဖြစ် အလုပ်များနေတဲ့ အချိန်မျိုးမှာ ကြုံတွေ့ရတယ်ဆိုရင် အလုပ်လုပ်ရတာ အတော်ကို အဆင်မပြေ ဖြစ်စေတတ်မှာပါ။ Windows 10 မှာ ဆော့ဖ်ဝဲတွေကိုဖွင့်ဖို့ customkey board shortcut အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။

Windows 10 ရဲ့ taskbar မှာ default အနေနဲ့ Internet Explorer, Explorer, Windows Store တို့ကို pin အနေနဲ့ သတ်မှတ်ထားပါတယ်။ တစ်ကယ်လို့ Internet Explorer ကို ဖွင့်ချင်တယ်ဆိုရင် Win + 1 ကို နှိပ်လိုက်ရင် Internet Explorer ပွင့်လာပါလိမ့် မယ်။ Explorer ကို ဖွင့်မယ်ဆိုရင် Win + 2 key ကို တွဲနှိပ်ရင် Explorer ပွင့်လာပါလိမ့်မယ်။


Taskbar ပေါ်မှာရှိတဲ့ program တွေကို Win key နဲ့ သက်ဆိုင်ရာ နံပါတ်စဉ်လိုက် ပူးတွဲပြီး နှိပ်တယ်ဆိုရင် အဆိုပါ program တွေဟာ အလုပ်လုပ် ဆောင်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲတွေကို taskbar မှာ pin လုပ်ထားပြီး shortcut နဲ့ အလွယ်တကူ လုပ်ဆောင်နိုင်ဖို့အတွက် ဆော့ဖ်ဝဲ icon ကို right-click နှိပ်ပါ။ ဥပမာအားဖြင့် Google Chrome browser ကို taskbar မှာ pin သတ်မှတ်ပြပါမယ်။ Google Chrome browser icon ကို right-click နှိပ်ပါ။ ပြီးရင် pin to taskbar ဆိုပြီး ရွေးပေးလိုက်ပါ။ ဒါဆိုရင် taskbar မှာ Google Chrome browser ကို pin လုပ်ပေးသွား ပါလိမ့်မယ်။


တကယ်လို့ taskbar ပေါ်မှာ pin မတွဲထားချင် သူတွေအတွက် custom shortcut ဖန်တီးဖို့အတွက် အောက်ပါအတိုင်း လုပ်နိုင်ပါတယ်။ Custom shortcut ဖန်တီးမယ့် ဆော့ဖ်ဝဲ icon ကို right-click နှိပ်ပါ။ ပြီးရင် properties ဆိုတာကို ရွေးရပါ မယ်။


Properties ကို ရွေးပြီးရင် Shortcut ဆိုတဲ့ tab ကို ရွေးပေးရပါမယ်။


Shortcut အောက်မှာမှ shortcut key ဆိုတာကို တွေ့ရပါမယ်။ Shortcut key ကို နှိပ်လိုက်ပါ။
Shortcut key နေရာမှာ default အနေနဲ့ဆိုရင် None ဆိုတာကိုပဲ ပြထားပါလိမ့်မယ်။ ကလစ်နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ key တစ်ခုကို နှိပ်ကြည့်ပါ။ Windows 10 ဟာ အခြား shortcut key တွေနဲ့ မငြိစေရန်အတွက်  custom shortcut တွေကို Ctrl+ Alt  key နဲ့သာတွဲပြီး သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့် ဥပမာ အနေနဲ့ Chrome browser ကို “C” key အဖြစ် သတ်မှတ် မယ်ဆိုရင် Ctrl + Alt + C key အဖြစ် shortcut သတ်မှတ် ပေးပါလိမ့်မယ်။



တကယ်လို့ ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲဟာ desktop မှာ icon အနေနဲ့ မရှိဘူးဆိုရင် Win + R key ကို နှိပ်ပြီး Run box ကိုဖွင့်လိုက်ပါ။ ပြီးရင် shell:Apps Folder ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။


ဒါဆိုရင် Windows 10 မှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေ ရဲ့ icon ကို တွေ့ရပါလိမ့်မယ်။ အဆိုပါ နေရာကနေ icon ကိုရှာပြီး right-click နှိပ်ပါ။ ပြီးရင် Create shortcut ဆိုတာကို ရွေးပါ။


ဒါဆိုရင် desktop မှာ အဆိုပါ shortcut ကို တွေ့ရပါလိမ့်မယ်။ ပြီးမှ shortcut ကို right-click နှိပ်ပြီး properties ကို ရွေးချယ်ကာ shortcut key မှာ shortcut key သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။



Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 www.pyaephyo.com

0 comments:

Post a Comment