♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫

Image may contain: phone and text

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဘက်ထရီထည့်လိုက်တာနဲ့ တန်းပါဝါနိုးနေတယ်အစ်ကို။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက ပါဝါကီးကြောင်နေတာဖြစ်နိုင်ပါတယ်။ ပါဝါကီးလဲပေးလိုက်ပါ။ အစ်ကိုအဆင်ပြေ ပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ပါဝါဖွင့်ပြီး ခဏနေရင် LCD က မလင်းတော့ဘူး။ ပါဝါပိတ်သွားတာမျိုးတော့ မဟုတ်ဘူး။ သူများဆီက ဖုန်းခေါ်ရင်လည်းဝင်တယ်။ ပါဝါကီးကိုဖိပြီးနှိပ်လိုက်ရင် LCD က မလင်းတော့ပါဘူး။ ဘယ်လိုလုပ်ရမလဲဆရာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက LCD ကို အလင်းထုတ်ပေးတဲ့ Back Light Section က Error တက်နေတာ ဖြစ်တဲ့အတွက် နီးစပ်ရာ Service ဆိုင်ကိုသာ သွားပြလိုက်ပါအစ်ကို။

မေး - FB ကနေ Video Down မရလို့ ဘယ်လိုလုပ်ရမလဲ။ ပြောပြပေးပါလားရှင်။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ Snap Tube ဆိုတဲ့ Software ကိုသုံးပြီး Down လို့ရပါတယ်ဗျာ။ ပထမဆုံးအနေနဲ့ FB ထဲမှာ Video ကို အရင်ဆုံး Save Video ကိုနှိပ်ပြီး Save လုပ်ထားရပါတယ်။ Video ကို Save လုပ်ချင်ရင် တင်ထားတဲ့ Post ရဲ့ညာဘက်အပေါ်ထောင့်မှာ ပုံစံမြှားလေးရှိပါတယ်။ အဲ့ဒါလေးကိုနှိပ်လိုက်လို့ Box တစ်ခု ပေါ်လာရင် Save Video ကိုနှိပ်ပြီး Save လုပ်ပေးပါ။ ပြီးရင် Snap Tube Software ကိုဖွင့် FB ကိုရွေးပြီး FB အကောင့်ဝင်လိုက်ပါ။ ၀င်ပြီးသွားရင် Save လုပ်ထားတဲ့ Video ကို ပြန်ဖွင့်ပြီး Down လို့ရသွားပါပြီ။

မေး - YouTube ကနေ Video ဘယ်လိုဒေါင်းလဲ ပြောပြပေးပါလား။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ YouTube ကနေ Video ဒေါင်းချင်ရင် Snap Tube (ဒါမှမဟုတ်) Tube Mate ဆိုတဲ့ Software ကိုသုံးပြီး ဒေါင်းလို့ရပါတယ်။ YouTube က Video ဒေါင်းချင်ရင် ပထမဆုံး Software (Snap Tube / Tube Mate) ထဲကို အရင်ဝင်လိုက်ပါ။ ပြီးရင် ဒေါင်းချင်တဲ့ Video နာမည်ကို Search Box မှာရိုက်ရှာပါ။ အဲ့ဒီခါကျရင် Video တွေ အများကြီးကျလာပါလိမ့်မယ်။ အဲ့ဒီ Video တွေထဲကမှ ဒေါင်းချင်တဲ့ Video တစ်ခုကို နှိပ်ပြီး ဖွင့်လိုက်ပါ။ ပွင့်လာလျှင် အပေါ်ထောင့်နားမှာပဲဖြစ်ဖြစ်၊ အောက်ဘက်ထောင့်နားမှာပဲဖြစ်ဖြစ် မြှားပုံစံလေး ပါပါတယ်။ အဲ့ဒီမြှားလေးကိုနှိပ်ပြီး ကိုယ်ဒေါင်းချင်တဲ့ Video Format ကို ရွေးလိုက်ရင် ရပါပြီခင်ဗျာ။

မေး - FB Video Auto ဖြစ်နေတယ်။ ဘယ်လိုပိတ်ရမလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ FB Video Auto ဖြစ်နေရင် Setting ထဲကနေ သွားပိတ်ရပါတယ်ခင်ဗျာ။ Setting ထဲ ၀င်ဖို့ အရင်ဆုံး မျဉ်းသုံးကြောင်း ပုံစံလေးထဲကို အရင်ဝင်ရပါမယ်။ ၀င်ပြီးရင် App Setting ကိုရှာပြီးဝင်ပါ။ App Setting ထဲရောက်သွားရင် Autoplay ထဲကိုထပ်ဝင်ပါ။ Autoplay ထဲရောက်သွားရင် အချက် ၃ ချက်တွေ့ရပါမယ်။ အဲ့ဒါတွေကတော့ (1) On Mobile Data and Wi-Fi Connections (2) On Wi-Fi Connections Only (3) Never Autoplay Videos ဒီအချက်တွေထဲက No.(3) အချက်ကို ရွေးပေးပြီး ပြန် ထွက်လိုက်ရင် ရပါပြီခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ရေ၀င်သွားတယ်ဗျာ။ အဲ့တာဖုန်းပြောရင် နားအနားကပ်လိုက်ရင် မီးပိတ်မသွားတော့လို့။ ဘာဖြစ်တာလဲဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်းက Sensor မရတော့တာပါ။ နီးစပ်ရာ Service ဆိုင်မှာ သွားလဲလိုက်ရင် အဆင်ပြေသွားမှာပါ။

မေး - အစ်ကိုတို့ရေ ဖုန်းတိုင်းအတွက် Flash မီးမပြတဲ့ပြဿနာတွေအတွက် ဘယ်လိုဖြေရှင်းရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ ဖုန်းတိုင်းအတွက် အဆင်ပြေတဲ့ Flash Alert On Call & SMS ဆိုတဲ့ apk Software လေး ဖုန်းထဲထည့်လိုက်ပါ။ အဆင်ပြေပါသည်။ apk Version ကတော့ 1.0 ဖြစ်ပါသည်။ ဖုန်းတိုင်းအတွက် အဆင်ပြေပါသည်။

မေး - အစ်ကိုတို့ရေ Ooredoo ဖုန်း ZTE လေးတွေ Frp Lock ကျရင် အလွယ်ကျော်တဲ့နည်းလေးပါဗျာ။
ဖြေ - အစ်ကိုတို့ရေ Ooredoo ထုတ်တဲ့ Zte ဖုန်းလေးတွေကို Frp Lock ကျချင်ပါက Frp Lock ကျနေတဲ့ Ooredoo ဖုန်းထဲကို Ooredoo Sim Card ထည့်လိုက်ပါ။ ပြီးလျှင် တစ်ခြားဖုန်းကနေပြီး ဖုန်းခေါ်လိုက်ပါ။ ဖုန်းခေါ်လို့ Ooredoo ဖုန်းထဲသို့ ဖုန်းဝင်လာလျှင် ဖုန်းကိုင်လိုက် ပြီး နံပါတ်နှိပ်လို့ရတဲ့နေရာကို တွေ့အောင်ရှာ၍ နံပါတ်လေး ရိုက်ထည့်ပေးပါ။ နံပါတ်ကတော့ *983*57# ကိုခေါ်လိုက်တာနဲ့ အားလုံးအဆင်ပြေသွားပါမယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment