♪ “Xiaomi က Mi 6 Ceramic Edition ကိုရောင်းပြီ” ♫

Image may contain: phone

မိခင်နိုင်ငံဖြစ်တဲ့ တရုတ်မှာရှောင်မီကMi 6 Ceramic Edition ကိုရောင်းချ ပေးလိုက်ပါတယ်။ Mi 6 Ceramic Edition နဲ့ မူလမော်ဒယ်များရဲ့ ကွာခြားချက်မှာမော်ဒယ်အသစ်ရဲ့ အနောက်ဘက်မှာတောက်ပြောင်တဲ့ ကိုယ်ထည် တပ်ဆင်ထားခြင်းနဲ့ အနောက် ကင်မရာနှစ်လုံးရဲ့ ပတ်လည် ကို ၁၈ ကာရက် ရွှေကွင်းဖြင့် ကွပ်ထားခြင်း ဖြစ်ပါတယ်။ Specification အပိုင်းမှာတော့ မော်ဒယ်အသစ်ဟာမူလမော်ဒယ်များနဲ့ တူညီပါတယ်။

XiaomiMi 6 Ceramic Edition မှာ ၅.၁၅ လက်မ 1920x1080 Full HD Display ထည့်သွင်းထားပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 6GB RAM , 3350mAh Battery တပ်ဆင်ထားပြီး 64GB or 128GB Storage များရွေးချယ်နိုင်ပါတယ်။ Android 7.1.1 Nougat ကိုXiaomi MIUI 8.0 ဖြင့် ပေါင်းစပ်ထားပါတယ်။ Ceramic Edition ဟာမူလမော်ဒယ်ထက် ၁၄ ဂရမ် ပိုမိုလေးပြီး ၁၈၂ ဂရမ် အလေးချိန် ရှိပါတယ်။

တရုတ်မှာယွမ် ၂၉၉၉ သတ်မှတ်ထားပြီးဒေါ်လာအားဖြင့် ၄၃၅ ၀န်းကျင် တန်ကြေးရှိပါတယ်။ မြန်မာငွေ အားဖြင့် ၆၀၀,၀၀၀ နီးပါးကျသင့်မှာ ဖြစ်ပါ တယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment