♪ နည်းပညာမြင့်မားသော “LG G6 Dual Sim (LG-H70DS)” နှင့် “Samsung Galaxy S8 (SM G930F)” တို့ကို နှိုင်းယှဉ်ပြခြင်း ♫

Image may contain: phone

LG G6 ဟာ Premium ဆန်တဲ့ ဒီဇီုင်းလေးနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ Body ပုံစံနဲ့ထွက်ရှိထား တာဖြစ်ပါတယ်။ ကိုယ်ထည်ဒီဇိုင်းကို လေ့လာ ကြည့်လိုက်တဲ့အခါမှာ Metal Frame နဲ့ဖြစ်ပြီး ဘယ်ဘက် ဘေးနား လေးက Volume Button လေးနှစ်ခုနဲ့အတူ Power Key ကို ထုံးစံအတိုင်း နောက်ကျောဘက်လေးမှာ Fingerprint နဲ့အတူတူတပ်ဆင်ပေးထား ပါတယ်။ Fingerprint (Homebutton) ရဲ့ အပေါ်ဘက်မှာတော့ Dual Camera ရယ် Dual Tone Flash နဲ့ဖြစ်ပြီး အောက်ဘက်မှာတော့ USB Type-C Charging Port ဖြစ်ပါတယ်။ ညာဘက်ထောင့် အပေါ်ဆုံး ဘက်မှာတော့ 3.5 mm headphone jack ပေါက်ပဲဖြစ်ပါတယ်။ 5.7" QHD Plus FullVision Display ဟာ (2880 x 1440) pixels နဲ့ဖြစ်ပြီး ၊ ပုံရိပ်ဖော်ပြနိုင်စွမ်းအတွက် 564 ppi ရှိပါတယ်။ မျက်နှာပြင်ကာကွယ် နိုင်စွမ်းအတွက်တော့ Corning Gorilla Glass 3 နဲ့ဖုံးအုပ်ပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ CPU အပိုင်းမှာ Snapdragon ရဲ့နောက်ဆုံးထုတ်ဖြစ်တဲ့ 835 Soc ကို အသုံးမပြုဘဲ Snapdragon 821 Soc ကိုပဲ သုံးထားပါတယ်။ 4GB RAM နဲ့အတူ Internal Storage ကတော့ 64GB နဲ့ပဲဖြစ်ပါတယ်။ OS ပိုင်းမှာတော့ Android 7.0 (Nougat) နဲ့အတူ LG UX 6.0 UI ကိုသုံးနိုင် ပါလိမ့်မယ်။ အချက်တွေအလွယ်တကူမြင်နိုင်စေဖို့အတွက်လည်း Always-on display လုပ်ဆောင်ချက်ထည့်သွင်းပေးထားပါတယ်။

ကင်မရာလုပ်ဆောင်ချက်ပိုင်းမှာတော့ Dual Camera နဲ့ဖြစ်ပြီး LG G5 မှာလိုပဲ တစ်ခုက Normal ဖြစ်ပြီး တစ်ခုက Wide Angle ဖြစ်ပါတယ်။ Normal နဲ့ Wide-Angle Camera နှစ်လုံးကို အနောက်ဘက်မှာ တပ်ဆင် ထားပေမယ့် 13MP သို့ အဆင့်မြှင့်ထားပါတယ်။ ဒါပေမယ့် အလင်းဝင်ပေါက်နဲ့ Pixel အရွယ်အစားကတော့ တိုးတက်လာခြင်းမရှိ ပါဘူး။ အဓိက Camera မှာ Optical Image Stabilization နည်းပညာနဲ့ ပိုမိုလျင်မြန်တဲ့ f/1.8 Aperture ပါတဲ့အတွက် ဓာတ်ပုံများက အရည်အသွေး ကောင်းမွန်ပါတယ်။ Wide-Angle Camera မှာတော့ OIS မပါတဲ့အတွက် ကြည်လင်ပြတ်သားမှု အားနည်းနိုင်ပါတယ်။ LG ဟာ Landscape အနေနဲ့ အသုံးပြုရင်လည်း အဆင်ပြေနိုင်အောင် တချို့ App တွေကို Develop လုပ်ခဲ့ပြီး Gallary, Contacts, Calendar, E-mail နဲ့ Music တွေကို မျက်နှာပြင်နှစ်ခုခွဲပြီး အလုပ်လုပ်နိုင်မှာပါ။ Google Assistant ဆိုတဲ့ AI ပါဝင်တဲ့ Google ဖုန်းမဟုတ်တဲ့ ပထမဆုံး Android စမတ်ဖုန်းလည်းဖြစ်လာတာကြောင့် သင့်အနေနဲ့ AI စနစ်ကိုအတွေ့အကြုံ သစ်နဲ့ အသုံးပြုနိုင်ပါလိမ့်မယ်။

ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာတော့ 4G+3G Support ဖြစ်တဲ့ Dual SIM ဖြစ်ပါတယ်။ Hybrid Dual SIM ဖြစ်ပြီး Memory SD Card 2TB ထိ ထပ်မံထည့်သွင်းအသုံးပြုနိုင်ပါလိ့မ်မယ်။ SD Card ထည့်သွင်း အသုံးပြု ရင်တော့ SIM Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။ Battery ပိုင်းမှာတော့ Non Removable 3300mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ LG G6 မှာ IP68 အဆင့်ရှိ Dust & Water Resistant နဲ့ဖြစ်ပြီး 1.5 meter ကို 30 min ထိခံနိုင်စွမ်းရှိမှာပါ။ အရောင်အနေနဲ့ကတော့ Black, White, Platinum ၃ ရောင် ၀ယ်ယူရရှိနိုင်မှာပါ။Price – 8xx,xxx Ks.

“Samsung Galaxy S8 (SM G930F)”

S8 ရဲ့ ၅.၈လက်မအရွယ်ကြီးမားကျယ်ပြန့်ပြီးရှည်လျားတဲ့ Display အသစ်ကိုတော့ Infinity Display လို့ Samsung က အမည်ပေးထား ပါတယ်။ 18.5:9 Wide Aspect Ratio ဖြစ်တဲ့ Super AMOLED Display ကိုအသုံးပြုထားပြီး မျက်နှာပြင်မှာ 2960×1440 Pixel QHD+ Resolution သုံးထားပါတယ်။ အနားထောင့်နှင့် ရုပ်ထွက်နှင့် ကပ်လုနီးပါး အခြေအနေသို့ ရောက်အောင်ဖန်တီးထားတာ တွေ့ရပါတယ်။ Home Button မပါဝင်တာကြောင့် မျက်နှာပြင်ရုပ်ထွက်ပမာဏကို ပိုပြီးတော့ ကြီးမားလာအောင် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ Galaxy S7 မှာ မျက်နှာပြင်ရုပ်ထွက် ၅.၁ လက်မပဲ ပါဝင်ခဲ့ပေမယ့် S8 မှာတော့ မျက်နှာ ပြင် ၅.၈ လက်မအထိ ပါဝင်လာပါတယ်။

ဖုန်း Screen မျက်နှာပြင်နဲ့နောက်ဘက်ခြမ်းကိုယ်ထည်ကို အကြမ်းဒဏ်ကို အလွန်ခံနိုင်တဲ့ Gorilla Glass 5 ဖန်သားပြင်နဲ့ဖုံးအုပ်ထားပါတယ်။ Galaxy S8 မှာတပ်ဆင်ပေးထားတဲ့ 12MP နောက်ကျောဘက် ကင်မရာ နဲ့ 8MP အရှေ့ကင်မရာတွေကိုအသုံးပြုပြီး မြန်ဆန်သွက်လက်စွာဖမ်းယူနိုင် ပါလိမ့်မယ်။ နေ့၊ ည ဘယ်လိုအချိန်မျိုးမှာဖြစ်စေ အခိုက်အတန့်ကောင်း တွေကို လွတ်သွားစေတော့မှာမဟုတ်ပါဘူး။ ဒီနေ့လိုအခိုက်အတန့်မှာ တော့ စမတ်ဖုန်းကင်မရာတွေဟာပိုမိုတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သယ်ဆောင်လာခဲ့ပါပြီ။ Selfie ဓာတ်ပုံကောင်းတွေ ရိုက်ကူးလိုသူတွေ အတွက် လုပ်ဆောင်ချက်ကောင်းမွန်တဲ့ feature တစ်ခုထည့်သွင်းပေး ထားပါတယ်။ smart auto focus လုပ်ဆောင်ချက်ဟာ ဘယ်လိုနေရာ အချိန်မျိုးမှာမဆို selfie stick ကိုအသုံးပြုပြီး ရိုက်ကူးမယ်ဆိုရင် ပုံရိပ်တွေေ၀၀ါးမှုမရှိအောင်ကူညီပေးမှာဖြစ်ပြီး အဖွဲ့လိုက်ရိုက်ကူးမှုတွေ အတွက် မျက်နှာတွေကိုမှတ်မိသိရှိနိုင်ပါ လိမ့်မယ်။ Smart AF နဲ့ sticker လုပ်ဆောင်ချက်တွေကိုလည်း သုံးနိုင်ပါလိမ့်မယ်။

နောက်ကျောဘက်ကင်မရာမှာတော့ 12MP dual pixel senor နဲ့ဖြစ်ပြီး 4K video တွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ Pro Mode ကိုသုံးပြီး ရိုက်မယ် ဆိုရင်တော့ တကယ့်ကင်မရာတစ်လုံးကို သုံးနေရသလိုပုံကောင်းတစ်ခု ရဖို့အတွက် ချိန်ညှိနိုင်ပါလိမ့်မယ်။ iSO, Shutterspeed, Exposure, Colortone, Manual focus နဲ့ white balance လိုလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပါလိမ့်မယ်။ မိမိအလိုရှိတဲ့နေရာကို focus ပြုလုပ်နိုင်စေဖို့ အတွက်ကတော့ selective focus ဆိုတဲ့လုပ်ဆောင်ချက်ကိုသုံးပြီးတော့ Foreground, background ကြိုက်ရာကို ရွေးချယ်နိုင်ပါလိမ့်မယ်။ Samsung Galaxy S8 မှာ RAM 4GB ဖုန်းတွင်းအချက်အလက် သိမ်းဆည်းနိုင်စွမ်းအတွက် 64 GB ပါဝင်ပါတယ်။ System ပိုင်းအနေနဲ့ Android 7.0 ကိုအသုံးပြု ထားပါတယ်။ Samsung ဟာ အရင်တုန်းက TouchWiz ကို အသုံးပြုခဲ့ပါတယ်။ S8 မှာတော့ အသစ်ဖန်တီး ထားတဲ့ Samsung UX ကို အသုံးပြုထားပါတယ်။ သူတို့ရဲ့စနစ်က ဒီဇိုင်းပိုင်းကိုပါ အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်။

သွက်လက်မြန်ဆန်တဲ့ လုပ်ဆောင်နိုင်မှုတွေ ပြုလုပ်ပေးဖို့ ပရိုဆက်ဆာ ပိုင်းအနေနဲ့ Exynos 8895 Octa Processor ကို အသုံးပြုထားပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ Galaxy S8 မှာ 3000 mAh ပါဝါစွမ်းအား တပ်ဆင် ထားပါတယ်။ Iris Scanner နည်းပညာကိုလည်း ထည့်သွင်းပေးထား ပါတယ်။ Iris Scanner ကိုအသုံးပြုပြီး ဖုန်း Lock Screen ဖွင့်တာကို မျက်စိနဲ့ Scan ဖတ်ဖွင့်နိုင်ရုံမကဘဲ အွန်လိုင်းနဲ့ပြင်ပငွေပေးချေမှုစနစ် များမှာလည်း Iris Scanner အသုံးပြုပြီးငွေပေးချေနိုင်မှာဖြစ်ပါတယ်။ ဖုန်းကိုအသံနဲ့အမိန့် ပေးစေခိုင်း၊ သိလိုရာမေးနိုင်မယ့် Bixby လို့ခေါ်တဲ့ Virtual Assistant လည်း ပါဝင်လာပါပြီ။

Bixby ဟာ Samsung ရဲ့ နည်းပညာအသစ်ဖြစ်ပြီး Google ရဲ့ Google Assistant နဲ့ Apple ရဲ့ Siri တို့ကိုယှဉ်ပြိုင်မယ့် နည်းပညာသစ်ဖြစ်ပါတယ်။ S8 မှာ သင့်မျက်နှာရဲ့ မှတ်မိသိရှိနိုင်စွမ်းကိုသုံးပြီးတော့ ဖုန်းကို lock ပြုလုပ်နိုင်ပါလိမ့်မယ်။ နောက်ထပ် လုပ်ဆောင်ချက်ကတော့ လက်ဗွေဖတ် စနစ်ကိုသုံးနိုင်မှာပါ။ home buttom ကနေ သုံးရမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာရဲ့ဘေးနားမှာ တပ်ဆင်ပေး ထားမှာဖြစ်ပါတယ်။ Samsung ဟာ အနားသပ်မဲ့လုနီးပါး ရုပ်ထွက်သုံးချင်တာကြောင့် လက်ဗွေရာစနစ်ကို ကျောဘက်သို့ ပို့လိုက် တာဖြစ်ပါတယ်။

Samsung Galaxy S8 ကို Midnight Black, Orchid Gray, Arctic Silver, Coral Blue, Maple Gold စတဲ့ အရောင် ၅ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဖုန်းရဲ့ရှေ့ဘက်ခြမ်းမျက်နှာပြင်ကတော့ အနက်ရောင်တစ်မျိုး တည်းနဲ့ သာဖြစ်ပါတယ်။Price – 1,060,000 Ks.



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment