♪ “အနောက်ကင်မရာ ၂ လုံးနဲ့ ၆.၃ လက်မမျက်နှာပြင်ပါမယ့် Galaxy Note 8” ♫

Image may contain: phone

Samsung က Note 7 မှာ ပြဿနာများရှိခဲ့ပေမယ့် Note 8 ကို ဆက်လက် ထုတ်လုပ်ရောင်းချဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ Samsung Galaxy Note 8 မှာ Galaxy S8 နဲ့ S8 Plus များမှာမိတ်ဆက် ခဲ့တဲ့ Infinity Display နည်းပညာပါရှိလာနိုင်ပါတယ်။

တရုတ်မှ ထွက်ပေါ်လာတဲ့ သတင်းများအရ Samsung Galaxy Note 8 မှာ ၆.၃ လက်မမျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ S8 စမတ်ဖုန်း များမှာလိုပဲ Note 8 မှာ 18.5:9 Aspect Ratio ကိုအသုံးပြုထားပါတယ်။ Samsung Galaxy Note 8 ဟာထုတ်လုပ်ရောင်းချခဲ့ဖူးသမျှ Note Series များထဲမှာအရွယ်အစားအကြီးမားဆုံး ဖြစ်ပါတယ်။

Samsung Galaxy Note 8 ဟာ Note Series ထဲမှာအနောက်ကင်မရာ ၂ လုံးတပ်ဆင်ထားတဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပါတယ်။ Samsung က Galaxy Note 8 ကိုယခုနှစ်နှောင်းပိုင်းမှာမိတ်ဆက်မှာ ဖြစ်ပေမယ့် သြဂုတ်လနဲ့ စက်တင်ဘာလမတိုင်ခင် အထိမိတ်ဆက်မယ့်ပုံ မပေါ်ပါဘူး။ Samsung က Note 8 မတိုင်ခင်မှာ Galaxy Note 7 Refurbished Model ကိုလည်းရောင်းချမယ်လို့ သိရပါတယ်။

Galaxy S8 Plus မှာ ၆.၂ လက်မမျက်နှာပြင် တပ်ဆင်ထားတဲ့အတွက် Note 8 နဲ့ အရွယ်အစားချင်းမကွာခြားသလိုဒီဇိုင်းလည်းဆင်တူနိုင်ပါ တယ်။ ဒစ်ဂျစ်တယ် ဘောပင်ကိုလည်း Note 8 မှာသုံးနိုင်မှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 www.pyaephyo.com

0 comments:

Post a Comment