Miss Universe Myanmar 2015 အတွက်
မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ Miss Universe Myanmar
2015 မေဘရဏီသော်နဲ့ တွေဆုံဖြစ်ခဲ့ပါတယ်။ လတ်တလောသူမရဲ့
အနုပညာလှုပ်ရှားမှုနဲ့အတူ သူကိုင်တဲ့ဖုန်းအကြောင်းကိုလည်း မေးဖြစ်ခဲ့ပါတယ်။
Q. လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပြပါလား။
အခုတလောမှာ ရှိုးတွေ လျှောက်ဖြစ်နေတယ်။ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေရိုက်ဖြစ်ပါတယ်။
Q. ဟိုတလောကရိုက်တဲ့ ဇာတ်လမ်းတွဲလေး အကြောင်းပြောပြပေးပါလား။
အဲဒီဇာတ်လမ်းတွဲမှာ ညီမရဲ့ကာရိုက်တာက ရှေ့နေတစ်ယောက်အနေနဲ့ ပါဝင်ထားတယ်။
Q. ဇာတ်လမ်းတွဲနာမည်နဲ့ ဘယ်ကလွှင့်မှာလည်း ဆိုတာပြောပြပေးပါလား။
ဇာတ်လမ်းတွဲနာမည်က ပန်းတစ်ပွင့်စီးခြင်း လွှင့်မှာကတော့ MRTV ကလွှင့်မှာပါ။ ၆လပိုင်းလောက် လွှင့်မှာပါ။
Q. အဲဒီဇာတ်လမ်းတွဲက ပထမဆုံးဇာတ်လမ်းတွဲလား။
ပထမဆုံးပါ။ အရမ်းလည်း ပင်ပန်းတယ်။ ရှေ့နေစကားလုံးတွေက ခက်လည်းခက်တယ်။ စကားပြော တာကအစ အရမ်း သတိထားရတယ်။ ကိုယ်က သရုပ်ဆောင်နဲ့ ပတ်သက်ပြီး သင်တန်းတွေ ဘာတွေ မတတ်ထားတော့ တစ်ချို့အခန်းတွေမှာ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာတွေလည်း ပါတယ်။
Q. ဒီဇာတ်လမ်းတွဲအပြင် တစ်ခြားရိုက်ထားတာတွေရောရှိလား။
သူရှေ့မှာ ပြည်ထောင်စုသစ္စာ တစ်ကားရိုက်ထားတယ်။ ဒီဇာတ်လမ်းတွဲက ဒုတိယကားပါ။
Q. အနုပညာလောကကို ဘယ်လိုပုံစံနဲ့လျှောက်လှမ်းသွားမှာလဲ။
အဲဒါကတော့အတိအကျ ပြောလိုမရသေးဘူး။ ညီမတို့ လျှောက်လှမ်းတဲ့တစ်လျှောက်မှာ
ပြောင်းလဲမှုတွေကအများကြီးရှိနေတော့ ရှေ့အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ညီမ ကြိုမပြောချင်ဘူး။ ညီမလုပ်တဲ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။
Q. Miss တစ်ယောက်အနေနဲ့ရော ဘယ်လိုတွေထိန်းသိမ်းနေရတာတွေ ရှိလဲ။
Miss ဆိုတာမျိုးက တစ်မျိုးထဲမှာ ထူးချွန်နေလို့ မရပါဘူး။ ဘက်စုံပြည့်စုံရပါတယ်။ ကိုယ်က သူများရှေ့မှာ စံပြ ဖြစ်နေဖို့လည်း လိုပါတယ်။ ကိုယ် အမှတ်မထင်လုပ်တာတွေက အစ သတိထားရပါတယ်။
Q. ကိုယ်လိုပဲ ဝါသနာပါတဲ့ သူတွေကိုရော ဘယ်လိုအကြံပေးချင်လဲ။
ညီမအနေနဲ့ ပြောချင်တာက တချို့ဆို တစ်နှစ်ထဲမှာပဲ ရှိသမျှပွဲတွေ ပြိုင်ကြတယ်။ သူတို့အနေနဲ့ ပြောာကတာကတော့ အတွေ့အကြုံ ယူတာပေါ့နော်။ ဒါပေမယ့် တစ်ကယ် တစ်ကယ်တော့ ပြိုင်တဲ့အခါ ဘယ်သူမဆို ဆုတစ်ခုမဟုတ်တစ်ခုတော့ လိုချင်ကြတာပဲ။ အဲဒီအတွက် ညီမအနေနဲ့အကြံ ပေးချင်တာကတော့ ပွဲတိုင်း ပွဲတိုင်းကို ပြိုင်တာထက် ပြိုင်ပွဲတစ်ခုကိုပဲ အချိန် သေချာယူပြီး ပြိုင်တာ ကိုယ့်အတွက် ထိရောက်တယ်။ ကိုယ်အတွက်လည်း ကောင်းတယ်။
Q. အခုလတ်တလောမှာရော ဘယ်ဖုန်းBrand တွေကိုင်ဖြစ်နေလဲ။
ညီမ အမြဲတမ်းသုံးဖြစ်တာကတော့ Samsung ပဲသုံးဖြစ်ပါတယ်။
Q. ကိုယ်ရဲ့တစ်နေ့တာအတွက် ဖုန်းကိုဘယ်လိုသုံးဖြစ်လဲ။
ဖုန်းပြောတယ်။ Facebook သုံးတယ်။ Youtube ကြည့်တယ်။ ကိုယ်ကြိုက်တာလေးတွေရှိရင် Download ဆွဲတယ်။
Q. ဖုန်းကလူတစ်ယောက်အတွက် ဘယ်လောက်ထိအရေးပါလဲ။
ဖုန်းကို ကိုယ့်အတွက် အကျိုးရှိရှိ အသုံးချနိုင်ရင်တော့ ကောင်းပါတယ်။ ဖုန်းမှာ ကိုယ်သိချင်တာတွေ ရှာလိုရတယ်။ ကိုယ်ရဲ့တစ်နေ့တာ လုပ်ဆောင်တာတွေကိုကအစ မှတ်တမ်းတင်လိုရတယ်။ သုံးတတ်ရင် တော်တော့်ကို အရေးပါတဲ့အရာပါ။ တချို့ကိစ္စတွေဆို ဖုန်းကြောင့် အဆင်ပြေသွားတာ တွေ ဖုန်းရှိလို့ ဆက်သွယ်မှုပိုရသွားတာတွေလည်းရှိပါတယ်။
Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် ညီမလေးအမြင်ကိုပြောပြပေးပါလား။
ဆိုရှယ်မီဒီယာ ဆိုတာကတော့ ကိုယ်အတွက် သုံးတတ်ရင်တော့ အကျိုးရှိပါတယ်။ ဆိုရှယ်မီဒီယာတွေ များလာတဲ့အတွက် အနုပညာရှင်တွေ အနေနဲ့ သတိထားရတာတွေရှိတယ်။
Q. အင်တာနက်သုံးတဲ့အခါ Package တွေရော ဝယ်သုံးဖြစ်လား။
သုံးဖြစ်တယ်။ Package သုံးတာက ညီမအတွက်တော့ အဆင်ပြေတယ်။ ညီမကပဲ တစ်ချိန်လုံး အင်တာနက်မသုံးလိုလားတော့ မသိဘူး။
Q. ဖုန်းထဲမှာ ဘယ်လိုAPP တွေထည့်သုံးဖြစ်လဲ။
ဓာတ်ပုံနဲ့ပတ်သက်တဲ့ app တွေသုံးဖြစ်တယ်။ Download ဆွဲလို့ အဆင်ပြေမယ့် app တွေသုံးဖြစ်တယ်။

Credit to ==> DigitalTimes.com.mm
0 comments:
Post a Comment