♪ “အကြမ်းခံတဲ့ LG X Venture” ♫

Image may contain: one or more people, phone and text

LG က ဒီနှစ်ထဲမှာ X Series စမတ်ဖုန်းတစ်လုံးကိုမိတ်ဆက်ခဲ့ဖူးပါတယ်။ အခုတော့ ဒုတိယမြောက် X Series ဖြစ်တဲ့ X Venture ကိုကြေညာလိုက် ပါတယ်။ LG X Venture ဟာအကြမ်းခံတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အလွန် မြင့်မားတဲ့ အပူချိန်နဲ့ တုန်ခါမှုများကိုခံနိုင်တဲ့ 14 MIL-STD 810G certification ရရှိထားပါတယ်။ IP68 စံနှုန်းရှိပြီးရေအနက် ၁.၅ မီတာ အထိယူဆောင် အသုံးပြုနိုင်ပါတယ်။ ဖုန်မ၀င်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

LG X Venture မှာ၅.၂ လက်မ LCD Full HD Displayထည့်သွင်းထား ပါတယ်။ 2GB RAM , Qualcomm Snapdragon 435 Chipset တပ်ဆင် ထားပါတယ်။ 32GB Internal Storage , microSD Card Slot ပါပါတယ်။ ၂၄ နာရီအသုံးခံတဲ့ 4100mAh Battery တပ်ဆင်ထားပါတယ်။ ၄၈ မိနစ် အတွင်းမှာ ၀ ကနေ ၅၀ ရာခိုင်နှုန်းအားသွင်းပေးနိုင်တဲ့ Quick Charge 2.0 နည်းပညာပါပါတယ်။

LG X Venture ရဲ့ အရှေ့ဘက်မှာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် Selfie များ ရိုက်ပေးနိုင်တဲ့ 5MP Camera ပါပါတယ်။ Main Camera ကတော့ 16MP ဖြစ်ပါတယ်။ ဖုန်းရဲ့ ဘေးဘက်မှာ QuickButton အမည်ရခလုတ်တစ်ခုပါ ပါတယ်။ သူ့ကို နှိပ်ရင် Outdoor Essentials Appကိုဖွင့်ပေးမှာ ဖြစ်ပြီး barometer, compass, step/calorie/distance counter, weather information နဲ့ flashlight များကိုအသုံးပြုနိုင်ပါတယ်။ QuickButton ကိုတစ်ချက်နှိပ်ရင် Outdoor Essentials ၊ ဖိထားရင် Settings Menu နဲ့ နှစ်ချက်နှိပ်ရင် Glove Mode များကိုဖွင့်ပေးမှာ ဖြစ်ပါတယ်။ LG က ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment