♪ Windows ပေါ်မှာ Lock ဖြစ်နေတဲ့ ဖိုင်တွေကို ဘယ်လိုဖျက်မလဲ ♫


Windows ပေါ်မှာ တစ်ခါတစ်လေ background နောက်ကွယ်မှာဖိုင်တွေဟာ run နေတာမျိုးလဲမရှိဘဲ ဖိုင်ကို အခြား program မှာဖွင့်ထားတယ် ဖျက်လို့မရဘူး နေရာပြောင်းရွှေ့လို့မရဘူးဆိုတဲ့ ပြဿနာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီလို ပြဿနာမျိုးတွေ ကြုံလာတဲ့အခါမှာ ဖိုင်တွေကို unlock ပြုလုပ်ဖို့လည်း အခက်အခဲတွေကို ကြုံတွေ့ရမှာဖြစ်တဲ့ ဖိုင်တွေ lock ဖြစ်တဲ့အခါမှာ ဖော်ပြပါ နည်းလမ်းအတိုင်း ဖိုင်တွေကို unlock လုပ်နိုင်မှာဖြစ်ပါတယ်။

Lock ဖြစ်နေတဲ့ ဖိုင်တွေကို unlock လုပ်ဖို့အတွက် Process Explorer ဆိုတဲ့ ဆော့ဖ်ဝဲကို သုံးစွဲနိုင်ပါတယ်။ Process Explorerဟာ task manager အမျိုးအစားဆော့ဖ်ဝဲ တစ်ခုပဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို သုံးပြီး ဖိုင်တွေကို ဘယ်လို unlock လုပ်မယ်ဆိုတာဖော်ပြထားတဲ့ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်ပါတယ်။

ပထမဆုံး Process Explorer ကို http://bit.ly/2qbqaRm ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ download လုပ်ယူရပါမယ်။ ပြီးရင် Process Explorer ကို run လိုက်ပါ။ ဆော့ဖ်ဝဲ တက်လာပြီဆိုရင် File > Shows details for all processes ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။


ပြီးရင် Find menu ကို click နှိပ်ပြီး Find Handle or DLL ဆိုတာကို ရွေးပေးရပါမယ်။ Shortcut အနေနဲ့ ဆိုရင် Ctrl + F ကို နှိပ်ပါ။


နောက်တစ်ဆင့်က lock ကျတဲ့ ဖိုင်ကို ရှာဖွေရမှာဖြစ်တဲ့အတွက် search box မှာ lock ဖြစ်နေတဲ့ file ဒါမှမဟုတ် folder ရဲ့ နာမည်ကို ရိုက်ထည့်ပေးရပါမယ်။


Lock ဖြစ်နေတဲ့ folder ဒါမှမဟုတ် file ကို Process Explorer ထဲမှာ ရှာပြီး select လုပ်ပါ။


အဆိုပါ ဖိုင်ကို select လုပ်ပြီးပြီဆိုရင် right-click နှိပ်ပြီး close handle ဆိုတာကို ရွေးရမှာဖြစ်ပါတယ်။ ပြီးပြီဆိုရင် delete လုပ်လို့မရတဲ့ ဖိုင်ကို ပြန်ရှာပြီး ဖျက်ပစ်နိုင်ပြီ ဖြစ်ပါတယ်။

နောက်ထပ် ဆော့ဖ်ဝဲတစ်ခုကို သုံးချင်တယ်ဆိုရင် IObit Unlocker ဆိုတဲ့ ဆော့ဖ်ဝဲကို သုံးစွဲနိုင်ပါတယ်။ IObit Unlocker ကို http://bit.ly/2q9aqiN ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ သွားပြီး download လုပ်ယူနိုင်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ သုံးစွဲရတာ ပိုမိုလွယ်ကူပါတယ်။ Download လုပ်ထားတဲ့ ဖိုင်ကို install လုပ်လိုက်ပါ။ ပြီးရင် lock ဖြစ်နေတဲ့ file ဒါမှမဟုတ် folder ပေါ်မှာ right-click နှိပ်ရပါမယ်။ ပြီးရင် IObit Unlocker ဆိုတာကို နှိပ်ပါ။


ပြီးရင် Lock ဖြစ်နေတဲ့ file ဒါမှမဟုတ် folder ကို unlock လုပ်ဖို့အတွက် Forced Mode ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Unlock ဆိုတဲ့ button ကို နှိပ်ရပါမယ်။


နောက်ထပ် နည်းလမ်းတစ် ခုကတော့ ဘယ်ဆော့ဖ်ဝဲကို မသုံးချင်ဘူးဆိုရင် ကွန်ပျူတာကို restart လုပ်လိုက်ပါ။ Boot ပြန်တက်လာတဲ့အခါမှာ Safe Mode ထဲကို ဝင်ရပါမယ်။ Safe Mode ထဲက မှ lock ကျနေတဲ့ file ဒါမှမဟုတ် folder ကိုရွေးကာ ဖျက်ပစ်ပြီး reboot ပြန်လုပ်တယ်ဆိုရင် အဆိုပါ ဖိုင်ကို ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။

 
 
-သီဟ




Credit to ==>Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment