♪ " ကုမ္ပဏီရဲ့ ပထမဆုံး Ultrabook ဖြစ်လာတဲ့ Huawei MateBook X " ♫

Image may contain: laptop and phone

Huawei ကုမ္ပဏီအနေနဲ့ windows 10 ထုတ်ကုန်သုံးမျိုး ထပ်မံမိတ်ဆက်လိုက်ပြီး MateBook X ကတော့ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး laptop ဖြစ်လာပါတယ်။ မျက်နှာပြင် 13 လက်မရှိတဲ့ ဒီ laptop က MacBook Pro ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇိုင်းကအစ apple ရဲ့ Notebook တွေနဲ့ ဆင်တူနေပြီး ဈေးနှုန်းကလည်း ဒေါ်လာ 1500 ကျော်တာကြောင့်ပါပဲ။

MateBook X မှာ လက်ဗွေစနစ်လည်းပါဝင်ပြီး fan မလိုတဲ့ အအေးပေးစနစ်လည်း ထည့်သွင်းထားပါတယ်။ processors အနေနဲ့ core i5 နဲ့ core i7 နှစ်မျိုးရှိမှာဖြစ်ပြီး SSD storage အနေနဲ့ 256 GB ဒါမှမဟုတ် 512 GB ရရှိနိုင်ပါတယ်။ RAM ကိုလည်း 8 GB အထိ တိုးချဲ့နိုင်ပါသေးတယ်။ Huawei ကုမ္ပဏီဘက်ကတော့ ဒီ laptop မှာ အသုံးပြုထားတဲ့ 41.1 Wh ဘက်ထရီကြောင့် 9 နာရီကြာ ဆက်တိုက်အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။

Huawei ကုမ္ပဏီအနေနဲ့ MateBook X နဲ့ အတူ MateBook E တက်ဘလက်ကိုလည်း မိတ်ဆက်ခဲ့ပြီး intel core i5 နဲ့ m3 processor ပါဝင်လာမယ်လို့ သိရပါတယ်။ တက်ဘလက်ရော laptop ပုံစံပါ အသုံးပြုနိုင်မယ့် 2-in-1 အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး docking ပြဿနာတွေကိုလည်း တစ်ပါတည်း ဖြေရှင်းပေးထားပါ တယ်။ မျက်နှာပြင် 15 လက်မအနေနဲ့ မိတ်ဆက်လိုက်တဲ့ MateBook D ကတော့ မျက်နှာပြင်ကြီးမားတဲ့ laptop တွေထဲမှာ အပေါ့ဆုံးလို့ ဆိုနိုင်ပါတယ်။

Full HD display၊ Nvidia GeForce 940 MX ပါဝင်လို့ graphic ပိုင်းအသုံးပြုလိုသူတွေ အဆင်ပြေစေမယ့် laptop ပါပဲ ။ 35.8 × 23.9 × 1.69 cm အတိုင်းအတာရှိပြီး အလေးချိန်ကတော့ 1.9 kg (4.19 lb) ရှိပါတယ်။ ဈေးနှုန်းတွေအနေနဲ့ Ultrabook MateBook X က အမေရိကန်ဒေါ်လာ 1570 ဝန်းကျင် ၊ MateBook E က အမေရိကန်ဒေါ်လာ 1120 ဝန်းကျင်နဲ့ MateBook D ကိုတော့ အမေရိကန်ဒေါ်လာ 900 ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment