♪ လူအများစိတ်ဝင်စားနေကြတဲ့ " Samsung Galaxy S8+ " Price - 1,190,000 Ks ♫

Image may contain: phone

Samsung Galaxy S8+ ဟာ နောက်ဆုံးပေါ်အဆင့်မြင့် features တွေ၊ Specs တွေနဲ့အတူ ဈေးကွက်ထဲကို ရောက်ရှိလာတော့မှာမို့ သုံးစွဲဖို့ စောင့်မျှော်နေကြတဲ့သူတွေလည်း စိတ်လှုပ်ရှားနေကြပါပြီ။ ဆန်းသစ်တဲ့မျက်နှာပြင်ကို အလေးပေးထားပြီး တစ်ခါမှ မခံစားဖူးသေးတဲ့ ခံစားမှုအသစ်တွေကို ရရှိစေနိုင်မှာပါ။ မျက်နှာပြင်ကျယ်ကျယ် စမတ်ဖုန်းကောင်းကောင်းကို နောက်ဆုံးပေါ် specs တွေနဲ့ features တွေကို အသုံးပြုချင်တဲ့သူတွေကတော့ ပေးရတဲ့ဈေးနှုန်းနဲ့ သုံးစွဲရတာ တန်ပါတယ်။

မျက်နှာပြင်စွမ်းအားအပြင် ကင်မရာစွမ်းအားနဲ့ အခြား software ပိုင်းတွေမှာလည်း အထူးကောင်းမွန်တာကို တွေ့ရပါတယ်။ ၎င်းဟာ VR-ready စမတ်ဖုန်းတစ်လုံးဖြစ်ပြီး IP68 certified ရရှိထားလို့ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိပါတယ်။ ရေအနက် 1 မီတာခွဲမှာ မိနစ် 30 ကြာမျှ ဖုန်းအသုံးပြုနိုင်မှာပါ။ ဖုန်းရဲ့လုံခြုံရေးပိုင်းအတွက် Iris Scanner, Fingerprint Scanner စတာတွေပါရှိလို့ တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်ပါတယ်။ ဒီဇိုင်းပုံစံကတော့ ဘယ်ဖုန်းတွေနဲ့မှမတူဘဲ အထူးသဖြင့် အရှေ့ဘက်မျက်နှာပြင်က တော်တော်လေးကို ထူးခြားပါတယ်။


အခုဆိုရင် ဘေးဘောင် bezel ကျဉ်းတဲ့ ဖုန်းတွေအများကြီးရှိပေမယ့် S8+ ကတော့ ဘေးဘောင် bezel ရော အပေါ်အောက်ဘောင်တွေမှာ မပါသလောက်ကို ကျဉ်းပေးထားပါတယ်။ ဒါကြောင့် ဖုန်းအရွယ်အစားက အရမ်းကြီးကြီးမနေဘဲ မျက်နှာပြင်ကျယ်ကျယ်ကို အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ အောက်ဘက်မှာ Physical Home button နဲ့ Recent button တွေကို မတွေ့ရတော့ဘဲ On-screen buttons တွေအဖြစ် ပြောင်းလဲပေးထားပါတယ်။ 


အောက်ဘက်မှာပါရှိတဲ့ USB ပေါက်က fully reversible ဖြစ်သွားတဲ့အတွက် အလွန်အဆင်ပြေပြီး Headphone jack ပေါက်အတွက်ကတော့ 3.5 mm ပေါက်ကိုပဲ သုံးထားပေမယ့် အရည်အသွေးကောင်းတဲ့ အသံတွေကိုရရှိဖို့အတွက် နောက်ဆုံးပေါ် AKG-branded ear buds တွေကို ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ စပီကာပေါက်ကိုလည်း အောက်ဘက်မှာပဲ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်ရော၊ နောက်ကျောဘက်ကိုပါ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ထားလို့ အကြမ်းလည်း ခံပါတယ်။


ဖုန်းအရွယ်အစားက 159.5 x 73.4 x 8.1 mm ရှိပြီး အလေးချိန်က 173g လေးပါတယ်။ ဒါကြောင့် Note 7 နဲ့ S7 Edge တို့ထက်တောင် ပိုရှည်ပါတယ်။ GSM ၊ HSPA နဲ့ LTE networks တွေကို ထောက်ပံ့ထားပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version 2 မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့်သုံးရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ မျက်နှာပြင်က Always-on display ဖြစ်ပြီး home button နေရာကို 3D Touch ဖြစ်ပါတယ်။


မျက်နှာပြင်အကျယ်က 6.2-inch အကျယ်ရှိပြီး Super AMOLED capacitive touchscreen display ကိုသုံးထားလို့ 1440 x 2960 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ထက် ပိုမိုကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကိုရရှိနိုင်ပြီး နေအလင်းရောင်အောက်မှာလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး အထဲမှာ TouchWiz UI ကို run ပေးထားပါတယ်။ 


အနောက်ကင်မရာက 12MP, f/1.7 aperture စွမ်းအားရှိပြီး အရှေ့ကင်မရာကတော့ 8MP, f/1.7 aperture ပါရှိပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ အရည်အသွေးမြင့်မားတဲ့ 4K ဗီဒီယိုတွေကို မှတ်တမ်းတင်နိုင်ပါတယ်။ ၎င်းမှာ Bluetooth 5.0, A2DP, LE နဲ့ aptX စနစ်တွေပါရှိပြီး Bluetooth headphone 2 ခုနဲ့ သီချင်းတွေကို တစ်ပြိုင်နက်တည်း နားထောင်နိုင်ပါတယ်။


ဒါ့အပြင် စက်စွမ်းဆောင်ရည်ပိုင်းမှာလည်း အထူးကောင်းမွန်ပြီး စက်ပူလာခြင်း၊ စက်ဟမ်းသွားခြင်းတွေ မဖြစ်နိုင်ပါဘူး။ Samsung Galaxy S8+ ကို ရရှိနိုင်တဲ့အရောင်တွေကတော့ ဒီဇိုင်းပုံစံကို ပိုကြွစေပြီး လှပဆန်းသစ်တဲ့ Midnight Black, Orchid Gray, Arctic Silver, Coral Blue, Maple Gold ဆိုတဲ့ အရောင် 5 မျိုးပဲ ဖြစ်ပါတယ်။

* Battery Life *

Samsung Galaxy S8+ မှာ Non-removable Li-Ion 3500mAh battery ကို ထည့်သွင်းထားပြီး အဆင့်မြင့် battery-saving စနစ်တွေပါရှိလို့ တစ်ရက်ခွဲလောက် သုံးနိုင်ပါတယ်။ Wireless Battery Charging စနစ်ပါရှိပြီး 1 နာရီကျော်နဲ့ ဖုန်းအားအပြည့် ပြန်သွင်းနိုင်ပါတယ်။

* Design *

Galaxy S8+ ရဲ့ တည်ဆောက်ပုံဒီဇိုင်းက ပါးလွှာကျစ်လျစ်ပြီး အကြမ်းခံနိုင်ပါတယ်။ ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ ပုံစံနဲ့ ခေတ်မီဆန်းသစ်မှုရှိအောင် ဖန်တီးတည်ဆောက်ထားပြီး အကောင်းစား hardware ပစ္စည်းတွေကို အသုံးပြုထားတာကြောင့် သစ်လွင်တောက်ပတဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးကို ထင်ရှားစေပါတယ်။

* Processor *

Samsung Galaxy S8+ မှာ RAM 4GB ပါရှိတဲ့ Exynos 8895 Octa Chipset, Octa-core (4x2.3 GHz & 4x1.7 GHz) processor နဲ့ Mali-G71 MP20 graphics card တွေက စက်စွမ်းဆောင်ရည်တွေကို အကောင်းဆုံးထောက်ပံ့ထားလို့ ဘယ်လောက်လေးတဲ့ apps တွေနဲ့ ဂိမ်းတွေကိုမဆို အဆင်ပြေပြေ ကစားနိုင်ပါတယ်။ ဒါ့အပြင် ရုပ်ထွက်လည်း အထူးကောင်းမွန်ပါတယ်။

* Display and Camera *

Ultra HD မြင်ကွင်းတွေကို သဘာဝကျတဲ့ အရောင်အသွေးတွေနဲ့ ပြသနိုင်ပြီး 1 လက်မအတိုင်းအတာမှာ ~529 ppi pixel သိပ်သည်းဆရှိတဲ့ မြင်ကွင်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 12MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP အရှေ့ကင်မရာတို့မှာ ပြောင်းလဲသုံးစွဲနိုင်တဲ့ effects တွေ များစွာပါရှိလို့ အသုံးပြုရတာ အရမ်းအဆင်ပြေမှာပါ။

* Verdict *

Samsung Galaxy S8+ ဟာ Samsung ရဲ့ ဆန်းသစ်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ထည့်သွင်းထားတဲ့ အဆင့်မြင့်စမတ်ဖုန်းဖြစ်ပြီး အခုအချိန်မှာတော့ အားလုံးစိတ်ဝင်စားနေတဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ရလဒ်တွေကိုလည်း ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

Specification
» Network : 2G, 3G, 4G (Dual SIM)
» Weight : 173 g
» Display : 6.2", Super AMOLED QuadHD+
» Dimensions : 159.5 x 73.4 x 8.1 mm
» Memory : 64GB, 4GB RAM, microSD card up to 256GB
» Camera : 12MP, Front : 8MP, phase detection autofocus, OIS,
LED flash, Geo-tagging, face/smile detection, panorama,
Auto HDR, 1.4μm pixel size
» Connectivity : GPS, WLAN, Bluetooth 5.0, USB 3.1, Type-C
» OS : Android OS 7.0 (Nougat)
» Processor : Exynos 8895 Octa - EMEA
Qualcomm MSM8998 Snapdragon 835 - US model
» Protection : Corning Gorilla Glass 5, 3D Touch,
Always-on display, TouchWiz UI
» Sensors : Iris scanner, fingerprint, Magnetometer

Contact Phone - 09-73222888 (Win Mobile World)

Price - 1,190,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 

www.pyaephyo.com

0 comments:

Post a Comment