♪ " 1800 MHz ကနေ 4G/LTE ကိုပေးအပ်နိုင်အောင် ဆောင်ရွက်လျက်ရှိဟု တယ်လီနော CEO ဆို " ♫

Image may contain: text

1800 MHz ကနေ 4G/LTE ကို ပေးအပ်နိုင်အောင်ဆောင်ရွက်လျက်ရှိဟု တယ်လီနောမြန်မာ၏ CEO ဖြစ်သူ Mr. Lars Erik Tellmann က ပြောကြားခဲ့သည်။ Mr. Lars Erik Tellmann က “မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမိုဘိုင်းကွန်ရက်ကြီးကိုတယ်လီနောအနေနဲ့ တည်ထောင်ထားပြီး ဖြစ်သလိုလက်ရှိရှိထား ပြီးသားလှိုင်းနှုန်းစဉ်တွေကို အသုံးပြုပြီး 4G ၀န်ဆောင်မှုတွေကို မြို့ 19 မြို့မှာ ပြီးခဲ့တဲ့ 10 လတာ ကာလအတွင်း မိတ်ဆက်ပေးထားပြီးလည်း ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်တဲ့နှုန်းနဲ့ ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယိုတွေကို အပြတ်အတောက်မရှိချောချောမွေ့မွေ့ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကိုအထစ်အငေါ့ကင်းကင်းကစားနိုင်မှု၊ လူမှုကွန်ရက် တွေကိုအကောင်းမွန်ဆုံးအသုံးပြုနိုင်မှု၊ လူသုံးများတဲ့အချိန်တွေမှာလည်း တည်ငြိမ်တဲ့ ကွန်ရက်ဝန်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါဝင်တဲ့ ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံကိုရရှိစေဖို့ တယ်လီနောအနေနဲ့ အခု 1800 MHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီး ၀န်ဆောင်မှုတွေ ပေးအပ်သွားမှာပါ။ 

လက်ရှိမှာတယ်လီနောအနေနဲ့ ကျနော်တို့ရဲ့ ကွန်ရက် အတွင်း 1800 MHz ကနေ 4G/LTE ကိုပေးအပ်နိုင်အောင် ဆောင်ရွက်နေပြီးမကြာခင်မှာပဲအရေအတွက် ပိုမိုများပြားတဲ့ မြို့ကြီးတွေနဲ့ မြို့တွေမှာ ဒီဝန်ဆောင်မှုတွေကို တိုးချဲ့ပေးအပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရန်ကုန် မှာလည်း 4G/LTE ၀န်ဆောင်မှုတွေကို မကြာခင်မိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်”ဟုဆိုသည်။ တယ်လီနောမြန်မာသည် 1800 MHz လှိုင်းနှုန်းစဉ်တွင် 2 x 10 MHzကိုအသုံးပြုခွင့် ရရှိပြီဖြစ်ကြောင်းအတည်ပြု ထုတ်ပြန်ခဲ့ပြီးအဆိုပါ လှိုင်းနှုန်းစဉ်ကိုအသုံးပြုခွင့် 12 နှစ်တာကာလအတွက် သတ်မှတ်နှုန်းထား အမေရိကန်ဒေါ်လာသန်း 80 ကို ပေးအပ်မည်ဖြစ်သည်။ လက်ရှိတွင် တာဝါတိုင်ပေါင်း 7500 ကျော်ဖြင့် သုံးစွဲသူပေါင်း 19 သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။

ထို့အပြင် ယခုလှိုင်းနှုန်းစဉ်ကိုအသုံးပြုခွင့်ရသည့်အချိန်တွင် အသုံးပြုခွင့်အတွက် ပေးအပ်ရမည့် သတ်မှတ်နှုန်းထားစုစုပေါင်း၏ 40 ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ 32 သန်းကိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနလက်အောက်ရှိဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ပထမအရစ်အဖြစ် ပေးသွင်းရမည်ဖြစ်သည်။ ကျန်ရှိသည်များကိုလိုင်စင်သက်တမ်း၏ ဒုတိယနှင့် စတုတ္ထနှစ်အကြားတွင် ပေးသွင်းရမည် ဖြစ်ကာဆက်သွယ်ရေးအော်ပရေတာများသည် ထပ်ဆောင်းလှိုင်းနှုန်းစဉ်များကို အများဆုံး 2 x 10 MHz အထိ ထပ်မံရယူနိုင်ပြီး ဦးစွာလျှောက်ထားသူကို ဦးစားပေးအသုံးပြုခွင့်စနစ်ဖြင့် 150 MHz (2 x 75 MHz) လှိုင်းနှုန်းအားလုံးခွင့်ပြုပြီးသည်အထိ လျှောက်ထားအသုံးပြုကြရမည်ဖြစ်သည်။ 


ထပ်ဆောင်းလှိုင်းနှုန်းစဉ်များရယူခွင့်သည် လိုင်စင်သက်တမ်းစတင်ပြီးနောက် သုံးနှစ်အကြာတွင် ကုန်ဆုံး မည်ဖြစ်သည်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် 1800 MHz လှိုင်းနှုန်းစဉ် အသုံးပြုခွင့် ချထားမှုအတွက် ဆွေးနွေးညှိနှိုင်းမှုများကို 2016 ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြုလုပ်ခဲ့ပြီး အသုံးပြုခွင့်အတွက် သင့်လျှော်သည့် တိုက်ရိုက်အသုံးပြုခွင့်ချထားမှု နည်းလမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment