♪ " Honor 9 ကို ဇွန်လ 20 သို့မဟုတ် 21 ရက်နေ့တွင် မိတ်ဆက်မည် " ♫

Image may contain: phone

Huawei ရဲ့ Honor Series Smart­phone အသစ်တစ်လုံးရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ Honor 9 လို့ အမည်ပေးထားပြီး စွမ်းဆောင်ရည်သင့် အမျိုးအစားဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းကို ဇွန်လ 20 သို့မဟုတ် 21 ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပြီး 362 ဒေါ်လာတန်ကြေးရှိမှာဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် 480,000 ၀န်းကျင်ကျသင့်မှာဖြစ်ပါတယ်

Huawei Honor 9 မှာ 3.5mm Audio Jack ကို ဖယ်ရှားထားမယ်လို့ယခင် ထွက်ပေါ်ခဲ့တဲ့ သတင်းများကဆိုပါတယ်။ Huawei က Honor 9 နဲ့ အတူ Honor 8s ကို လည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ Huawei Honor 9 မှာ 5.2 လက်မ Full HD Display , Kirin 960 Chipset တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 32GB or 64GB Internal Storage များရွေးချယ်နိုင်ပါတယ်။ UFS 2.0 Storage အမျိုးအစားဖြစ်ပါတယ်။ microSD Card ကိုလည်း အသုံးပြုနိုင်မယ်လို့ထင်ရပါတယ်။

4GB RAM or 6GB RAM တပ်ဆင်ထားမှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 22MP နဲ့ 12MP Monochrome Camera 2 လုံးကို ပူးတွဲတပ်ဆင်ထားမှ ဖြစ်ပါတယ်။ 3000mAh Battery ပါမှာဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Honor 9 ရဲ့ သတင်းအချက်အလက်များကို ပိုမို သိရှိရမှာဖြစ်ပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment