♪ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အခမဲ့ Anti-Ransomware များ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/0-4.jpg?fit=800%2C450&ssl=1

မကြာခင်က ပေါ်ထွက်ခဲ့တဲ့ WannaCry ဟာ ကမ္ဘာအ၀န်းမှ ကွန်ပြူတာပေါင်းများစွာကို လျှင်မြန်စွာ ကူးစက် တိုက်ခိုက်နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ Ransomware ဟာ သင့် ဒေတာများကို ရယူ အကြပ်ကိုင်၍ ငွေညှစ်တဲ့ ဗိုင်းရပ်စ် အမျိုးအစား ဖြစ်ပါတယ်။ သင်ငွေပေးလိုက်ရင်တောင် သင့်ဒေတာများအတွက် အာမခံချက် မရှိဘဲ ရာဇ၀တ်သားများကို အားပေးသလိုတောင် ဖြစ်သွားနိုင်ပါတယ်။ အဓိကအားဖြင့် Ransomware အမျိုးအစား နှစ်ခု ရှိပါတယ်။ တစ်ခုမှာ WannaCry လို သင့် ဒေတာများကို Encrypt လုပ်ပြီး ငွေ မပေးရင် ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ပီစီကို သင် လုံးဝ သုံးလို့ မရအောင် Lock လုပ်ထားတာ ဖြစ်ပါတယ်။ ကံကောင်းတာက အဲဒီ နှစ်မျိုးစလုံးကို ကာကွယ်ပေးတဲ့ အခမဲ့ Anti-Ransomware များ ရှိပါတယ်။

၁။ Avast Free Ransomware Decryption Tools

Ransomware များရဲ့ ဒေတာများကို Encrypt လုပ်တဲ့ နည်းလမ်းများဟာကွဲပြားတဲ့အတွက် Security Software ဖန်တီးသူများဟာ နည်းများစွာဖြင့် ကာကွယ်ရပါတယ်။ လက်ရှိမှာ Avast မှ လုံခြုံရေး ကျွမ်းကျင်သူများက ဖိုင်များကို Lock လုပ်တဲ့ နည်းလမ်း ၁၆ မျိုးကို ကာကွယ်နိုင်တဲ့ Free Ransomware Decryption Tools ကို ဖန်တီးထားပါတယ်။

Avast က Ransomware များရဲ့ အလုပ်လုပ်ပုံ၊ Lock လုပ်ထားတဲ့ ဖိုင်များရဲ့ Extension နဲ့ ဗိုင်းရပ်စ် ဖန်တီးသူများရဲ့ ငွေညှစ်ခံရသူထံ ပေးတဲ့ သတင်းစကား နမူနာများကို သူ့ရဲ့ ၀က်ဆိုက်မှာ အသေးစိတ် ရှင်းပြထားပါတယ်။

Free Ransomware Decryption Tools ကို ဒေါင်းလုပ်လုပ်ပြီးရင် Ransomware ကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းကို သူက သင်ကြားပေးမှာပါ။ ပြီးရင် သူက မူလဖိုင်နဲ့ Encrypted File နှစ်မျိုးစလုံးကို သင့်အတွက် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ သူက ဗိုင်းရပ်စ် ကူးစက်ခြင်း မရှိတဲ့ မူလဖိုင်များ ရှိတဲ့ နေရာကိုလည်း ပြသပေးပါတယ်။
Download

၂။ Trend Micro Ransomware File Decryptor Tool

Trend Micro Ransomware File Decryptor Tool ကို Ransomware Definition များဖြင့် အမြဲ Update လုပ်ပေးနေပြီး လက်ရှိအချိန်မှာ Ransomware အမျိုးအစား ၂၆ မျိုးက Lock လုပ်ထားတဲ့ ဖိုင်များကို ဖြည်ပေးနိုင်ပါတယ်။

Avast လို မဟုတ်ဘဲ Trend Micro က Decryption Tools အားလုံးကို တစ်နေရာထဲမှာ ထားပေးထားပါတယ်။ ဒါပေမယ့် ကူးစက်နေတဲ့ Ransomware ရဲ့ ပုံစံကို သင်က ပြောပြရမှာပါ။ Trend Micro ရဲ့ ၀က်ဆိုက်မှာ ဗိုင်းရပ်စ်ရဲ့ လက္ခဏာများကို စစ်ဆေး သိနိုင်မယ့် သတင်းအချက်အလက်များကို ပံ့ပိုးပေးထားပါတယ်။

ပြီးရင် Decryptor က ခွဲခြမ်းစိတ်ဖြာဖို့အတွက် Sample File ကို ပံ့ပိုးပေးရမှာပါ။ အသုံးပြုထားတဲ့ Encryption အမျိုးအစား အပေါ် မူတည်၍ Decryption ဖြစ်စဉ်ဟာ မိနစ်အနည်းငယ်ကနေ နာရီပေါင်းများစွာ ကြာတတ်ပါတယ်။
Download

၃။ Trend Micro Screen Unlocker Tools

Trend Micro Screen Unlocker Tools နှစ်မျိုး ရှိပါတယ်။ တစ်ခုမှာ Normal Mode ဖြင့် ပီစီကို Login ၀င် မရဘဲ BIOS Menu ကနေ Networking မှတစ်ဆင့် Safe Mode ကို ၀င်နိုင်တဲ့ အခြေအနေအတွက် ဖြစ်ပြီး အခြား တစ်ခုမှာ အဲဒီ နည်းလမ်း နှစ်မျိုးစလုံးဖြင့် Login မ၀င်နိုင်တဲ့ အခါမှာ သုံးဖို့ ဖြစ်ပါတယ်။
ပထမ Tool ကို Safe Mode with Networking ကနေ ကူးစက်ခံနေရတဲ့ ပီစီမှာ တိုက်ရိုက် ဒေါင်းလုပ်လုပ်ရမှာပါ။ အင်စတော လုပ်ပြီးရင် ပီစီကို Normal Mode ထံ Reboot လုပ်ပြီး Ctrl+Alt+T+I ကို တစ်ပြိုင်နက် နှိပ်၍ Ransomware ကို ရှာဖွေ၊ ရှင်းလင်းပါ။
ဒုတိယ Tool ကို အခြား ကွန်ပြူတာတစ်လုံးကနေ ဒေါင်းလုပ်လုပ်ပြီး USB Stick ထဲထည့်ပါ။ ပြီးရင် USB Stick ဖြင့် Locked ဖြစ်နေတဲ့ ကွန်ပြူတာကို Boot တက်ပါ။ ပြီးရင်တော့ Unlocker က Scan လုပ်ပြီး Ransomware ကို ရှင်းလင်းပေးမှာပါ။
Download 

၎။ BitDefender Anti-Ransomware

Antivirus များစွာ ရှိပေမယ့် Ransomware များကို သီးခြား ကာကွယ်ပေးတဲ့ Antivirus က ရှားပါးပါတယ်။ Ransomware ရဲ့ ရန်ကနေ လုံခြုံစေဖို့ Antivirus အပြင် BitDefender Anti-Ransomware ကို သုံးနိုင်ပါတယ်။ သူက Ransomware အများစုကို ကာကွယ်ပေးနိုင်ပါတယ်။

သူက လက်ရှိမှာ VTB-Locker, Locky, Petya နဲ့ TeslaCrypt တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ကြိုတင်ကာကွယ်ပေးတဲ့ Anti-Ransomware ဖြစ်ပါတယ်။ သင့် ကွန်ပြူတာဟာ Ransomware ကူးစက်ခံရပြီးနောက်မှာတော့ သူ့ကို သုံးလို့ မရဘဲ အပေါ်မှာ ဖော်ပြထားတဲ့ Tools များကို သုံးပါ။ Bitdefender Antivirus ကို သုံးနေရင်တော့ Anti-Ransomware ပါပြီးသားပါ။
Download




Credit to ==> Digital Times







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 

www.pyaephyo.com

0 comments:

Post a Comment