♪ " Huawei Mate 9 VS Sony Xperia XA1 Ultra " ♫

Image may contain: phone and screen

ဒီတစ်ပတ်တော့ Huawei Mate 9 နဲ့ Sony Xperia XA1 Ultra ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ခွဲခြားပြသပေးသွားမှာပဲ ဖြစ်ပါတယ်။ ၄င်းဖုန်း 2 လုံးက အတန်းအစားတူညီတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးဖြစ်ပြီး တူညီတာတွေရှိသလို ကွဲပြားတာတွေလည်း ရှိပါတယ်။ စက်စွမ်းဆောင်ရည်၊ Internal memory ကင်မရာအရည်အသွေးနဲ့ ဘက်ထရီစွမ်းအားတွေမှာ ကွာခြားမှုတွေ အနည်းငယ်ရှိပြီး မျက်နှာပြင်အမျိုးအစား၊ မျက်နှာပြင်စွမ်းအား၊ အထဲမှာ run ထားတဲ့ OS အမျိုးအစားနဲ့ RAM ပမာဏချင်းကတော့ အတူတူပါပဲ။

Sony Xperia XA1 Ultra ကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Huawei Mate 9 ကိုတော့ ၄င်း networks တွေအပြင် EVDO နဲ့ CDMA တွေမှာပါ သုံးစွဲနိုင်ပါတယ်။ ဖုန်း 2 ခုလုံးက Single SIM နဲ့ Dual SIM ဆိုတဲ့ version 2 မျိုးလုံး ထုတ်လုပ်ပေးထားပြီး ထည့်သွင်းရမယ့် Nano SIM card အမျိုးအစားချင်းလည်း တူပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ Mate 9 ကို Li-Po 4000mAh battery ထည့်ထားပြီး XA1 Ultra ကိုတော့ Li-Ion 2700mAh battery ကို ထည့်သွင်းပေးထားပါတယ်။

* Design *

1. Huawei Mate 9
Huawei Mate 9 ရဲ့ အရွယ်အစားက 156.9 x 78.9 x 7.9 mm ရှိပြီး အလေးချိန်က 190g လေးပါတယ်။ ဒီဇိုင်းပုံစံက ရိုးရိုးရှင်းရှင်းလေး တည်ဆောက်ထားပြီး နောက်ကျောဘက်မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ fingerprint sensor လည်း ပါရှိပါတယ်။

2. Sony Xperia XA1 Ultra
Sony Xperia XA1 Ultra ရဲ့ အရွယ်အစားကတော့ 165 x 79 x 8.1 mm ရှိပြီး 188g လေးပါတယ်။ ဒါကြောင့် အရွယ်အစားနဲ့ အလေးချိန်က သိပ်မကွာခြားပေမယ့် Mate 9 နဲ့ ဒီဇိုင်းပုံစံ လုံးဝမတူဘဲ Sony ရဲ့ ဒီဇိုင်းအတိုင်းပဲ လေးထောင့်စက်စက် ထောင့်ကွေးတွေ ရှိပါတယ်။

* Processor *

1. Huawei Mate 9
စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ Hisilicon Kirin 960 SOcta-core (4x2.4GHz Cortex-A73 & 4x1.8GHz Cortex-A53) processor နဲ့ Mali-G71 MP8 GPU တို့ကို ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် လုပ်ဆောင်ချက်တွေ တိကျမှန်ကန်မှု ရှိပါတယ်။

2. Sony Xperia XA1 Ultra
XA1 Ultra မှာတော့ Mediatek MT6757 Helio P20 Octa-core (4x 2.3GHz Cortex-A53 & 4x1.6GHz Cortex-A53) processor ကို ထည့်သွင်းပေးထားပြီး RAM က 4GB ပါရှိပါတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည်ပိုင်းမှာလည်း သိပ်တော့မကွာခြားပါဘူး။

* Display *

1. Huawei Mate 9
မျက်နှာပြင်အကျယ် 5.9-inch ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးထားပါတယ်။ ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ကာကွယ်ထားပါတယ်။

2. Sony Xperia XA1 Ultra
မျက်နှာပြင်အကျယ် 6 လက်မရှိပြီး Mate 9 နဲ့ display အမျိုးအစားရော ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားရော အတူတူပါပဲ။ ဖုန်း 2 ခုစလုံးမှာ multitouch စနစ်ပါရှိပြီး XA1 Ultra ရဲ့မျက်နှာပြင်ကို Scratch-resistant glass (> 9H) နဲ့ ဖုံးအုပ်ကာကွယ်ထားပါတယ်။

* Verdict *

1. Huawei Mate 9
Huawei Mate 9 က အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ Specs တွေ၊ features တွေပါရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းကိုလည်း Premium ကျကျနဲ့ ထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ အနီ၊ အပြာ၊ မီးခိုး၊ ငွေရောင်၊ ရွှေရောင်၊ အညို၊ အဖြူနဲ့ အမည်းတို့ပဲ ဖြစ်ပါတယ်။

2. Sony Xperia XA1 Ultra
Sony Xperia XA1 Ultra ကတော့ မကြာသေးမီကမှ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ပြီး Sony ပရိသတ်တွေကတော့ အကြိုက်တွေ့ခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပါ။ ၄င်းကိုတော့ အမည်းရောင်၊ ရွှေရောင်၊ အဖြူရောင်နဲ့ ပန်းရောင်ဆိုတဲ့ အရောင် 4 မျိုးကို ထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 

www.pyaephyo.com

0 comments:

Post a Comment