♪ “ဓါတ်ပုံဖြင့် Galaxy S8 ရဲ့ Iris Scanner ကိုကျော်ဖြတ်ပြ” ♫

Image may contain: one or more people and text

Chaos Computer Club (CCC) မှ သုတေသနပညာရှင်များကဓါတ်ပုံ တစ်ပုံဖြင့် Samsung Galaxy S8 ရဲ့ Iris Scanner ကိုကျော်ဖြတ်ပြနိုင် တယ်လို့ ကြေညာလိုက်ပါတယ်။ Samsung က လုံခြုံရေး မြင့်မားတဲ့ Iris Scanner ကို Galaxy S8 မှာထည့်သွင်းပေးထားပြီး Face Recognition ထက် ပိုမိုလုံခြုံပါတယ်။

Face Recognition ကိုဓါတ်ပုံတစ်ပုံဖြင့် လှည့်စားနိုင်ပေမယ့် လူ့မျက်လုံး မှာတော့ အနီအောက်ရောင်ခြည် Sensor နဲ့မှသာ မြင်နိုင်တဲ့ Patterns များရှိတဲ့အတွက် ဓါတ်ပုံဖြင့် လှည့်စားလို့ မရပါဘူး။ ဒါပေမယ့်လည်း CCC က S8 ရဲ့ Iris Scanner ကိုဓါတ်ပုံဖြင့် ကျော်ဖြတ်ပြလိုက်ပါတယ်။

CCC ဟာငါးမီတာအကွာကနေ 200mm-lens ပါတဲ့ အကောင်းစား ဒစ်ဂျစ်တယ် ကင်မရာဖြင့် S8 ပိုင်ရှင်ရဲ့ မျက်လုံးကိုဓါတ်ပုံရိုက်ခဲ့ပါတယ်။ Iris Patterns များကိုဖမ်းယူဖို့ ကင်မရာကို Night Mode ပြောင်းထား ပါတယ်။ အဲဒီနောက်မှာမျက်လုံးဓါတ်ပုံကိုလေဆာပရင်တာဖြင့် ထုတ်ခဲ့ ပါတယ်။ အဲဒီဓါတ်ပုံဖြင့် S8 ရဲ့ Iris Scanner ကိုကျော်ဖြတ်ပြခဲ့ပါတယ်။

ဒါပေမယ့် တစ်ကြိမ်တည်းနဲ့ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ CCC မှ Jan Krissler က ပရင်တာသုံးခုကို အသုံးပြုခဲ့ပြီးပရင်တာတစ်လုံးစီကနေဓါတ်ပုံ ၅ ပုံကနေ ၁၀ ပုံထုတ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ Samsung Laser Printer ကနေထုတ်တဲ့ ဓါတ်ပုံကသာအဆင်ပြေခဲ့တာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment