♪ Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Vivo2-1.jpg?fit=800%2C450&ssl=1

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။ 4GB RAM က စွမ်းရည်မြင့် ဂိမ်းများ ကစားခြင်း၊ Apps များစွာကို တစ်ပြိုင်နက် အသုံးပြုခြင်းလို Multitasking လုပ်ဖို့ ကောင်းမွန်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Specifications
• Body: Plastic unibody; 2.5D curved Gorilla Glass front
• Screen: 5.5-inch IPS LCD of 720 x 1,280 resolution; 267ppi;
• Chipset: MT6750 chipset; octa-core 1.5 GHz Cortex-A53 CPU; Mali-T860MP2 GPU;
• Memory: 4GB RAM; 32GB of built-in memory; microSD card slot;
• Camera: 13MP rear camera; f/2.2 lens; phase-detect AF; single LED flash; 1080p video
• Selfie cam: 20MP front camera; f/2.0 lens; single LED flash
• OS: Android 6.0.1 Marshmallow, Funtouch OS 2.6 on top
• Battery: 3,000mAh battery
• Connectivity: Dual nano SIM slots (hybrid); Cat. 6 LTE support; 802.11 a/g/b/n; Bluetooth 4.0; GPS; FM radio
• Misc: Home button with fingerprint scanner

ဒီဇိုင်း
V5 ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားတဲ့ပုံပေါက်တဲ့အတွက် ခန့်ထည် လှပပါတယ်။ ဒါပေမယ့် ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Vivo က ဖုန်းရဲ့ အပြင်ပိုင်းကို စွဲဆောင်မှု ရှိအောင် ဖန်တီးထားပါတယ်။ ကိုင်တွယ် အသုံးပြုတဲ့အခါမှာလည်း ထူးခြားကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။ အရှေ့ဘက် မျက်နှာပြင်တစ်ခုလုံးကို 2.5D Edges Corning Gorilla Glass ဖြင့် ကာကွယ်ထားပေမယ့် Vivo က မော်ဒယ်ကို မပြောပါဘူး။ လက်တစ်ဖက်ထဲနဲ့ ကိုင်တွယ် သုံးလို့ အဆင်ပြေပါတယ်။ Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။ ဖုန်းအောက်ခြေမှာ Audio Jack , Primary Microphone , microUSB Port , Speaker များ တပ်ဆင်ထားပါတယ်။ ဘယ်ဘက်မှာ SIM Tray နဲ့ ညာဘက်မှာ ပါဝါနဲ့ အသံခလုတ်များ တပ်ဆင်ထားပါတယ်။
Display ၊ Battery Life & Connectivity
V5 မှာ ၅.၅ လက်မ HD IPS Display တပ်ဆင်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၆၇ ဖြစ်ပြီး အားနည်းပေမယ့် စကရင်မှာတော့ ရုပ်ထွက်များက ကြည်လင်ပြတ်သားပါတယ်။ အရောင်တိကျမှုအပိုင်းမှာ အလွန်ကောင်းမွန်ပါတယ်။
V5 မှာ 3000mAh Battery တပ်ဆင်ထားပြီး မိနစ် ၃၀ အတွင်းမှာ ၂၅ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ ၅၅ မိနစ်မှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးမှာပါ။ ဖုန်းပြောရင် အလွန် အသုံးခံပြီး ဗီဒီယိုများ ကြည့်ရင် ဘက်ထရီ သက်တမ်းမှာ သင့်တင့်ပါတယ်။
V5 ဟာ Dual SIM Phone ဖြစ်ပြီး SIM Slot တစ်ခုကို microSD Card ဖြင့် မျှဝေ အသုံးပြုနိုင်ပါတယ်။ တစ်ကဒ်က 4G သုံးနေရင် အခြား ကဒ်က 3G ကိုသာ သုံးနိုင်ပါတယ်။ နှစ်ကဒ်လုံးမှာ 3G ကို တစ်ပြိုင်နက် သုံးနိုင်ပါတယ်။ USB OTG ကို ထောက်ပံ့ပါတယ်။

စွမ်းဆောင်ရည်
V5 ကို စွမ်းရည်သင့် MediaTek MT6750 Chipset က မောင်းနှင်ပေးပါတယ်။ 1.5GHz Octa-Core-A53 Processor ဖြစ်ပါတယ်။ GPU အနေဖြင့် Mali-T860 ပါပါတယ်။ 4GB RAM ပါပါတယ်။ Apps များကို ဖွင့်ခြင်း၊ အသုံးပြုခြင်းများ ပြုလုပ်ရင် လျှင်မြန်ပါတယ်။ Multitasking လုပ်ရင် နှောင့်နှေးခြင်း မရှိတာကို တွေ့ရပါတယ်။ ဂိမ်းများ ကစားတဲ့ အခါမှာလည်း ထစ်ခြင်း မရှိပါဘူး။ ဒါပေမယ့် စွမ်းရည်မြင့် ဂိမ်းများ ကစားရင်တော့ မထစ်အောင် ဂရပ်ဖစ် အရည်အသွေးကို လျှော့ချပေးထားပါတယ်။ V5 ဟာ ပျမ်းမျှအားဖြင့် စွမ်းဆောင်ရည် အပိုင်းမှာ သင့်တင့် ကောင်းမွန်တာကို တွေ့ရပါတယ်။

ကင်မရာ
V5 ရဲ့ အနောက်ဘက်မှာ အလင်းဝင်ပေါက် f/2.2 ပါတဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ အလွန် တိကျတဲ့ Selfie များ ဖန်တီးပေးတဲ့ 20MP Sony IMX376 Sensor တပ်ဆင်ထားပါတယ်။

အရှေ့ ကင်မရာက အလွန် အသေးစိတ်ကျတဲ့ Selfie ဓါတ်ပုံများကို ဖန်တီးပေးနိုင်ပါတယ်။ အရောင်များကလည်း ပြည့်စုံလှပပါတယ်။ အလင်းရောင် နည်းပါးတဲ့ အခြေအနေမှာ လအလင်းလို မှိန်ဖျော့တဲ့ အလင်းကို ပံ့ပိုးပေးတဲ့ LED Flash စွမ်းဆောင်ချက် ထည့်သွင်းပေးထားတဲ့ အတွက် အလင်းစူးရှတဲ့ ဓါတ်ပုံများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Vivo က Moonlight Flash လို့ အမည်ပေးထားပါတယ်။ Full HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။

အနောက် ကင်မရာက အရှေ့ ကင်မရာလောက် မကောင်းပါဘူး။ ဓါတ်ပုံအရည်အသွေးက သင့်တင့်ရုံသာ ရှိပါတယ်။ ဒါပေမယ့် 13MP Camera ဖြစ်တဲ့အတွက် အရည်အသွေးက မညံ့ပါဘူး။ ဗီဒီယိုအနေဖြင့် Full HD အရည်အသွေးကို ဖမ်းယူပေးနိုင်ပါတယ်။ High Dynamic Range (HDR) , Panorama , Beautification Mode, Professional Mode , Slow-Motion Mode များ ပါဝင်ပါတယ်။ အခု ရေးထားတာက ထွက်ရှိပြီးခဲ့တဲ့ ခဲရောင် Vivo V5 ဖုန်းအပေါ်မှာ အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment