♪ Android Go နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အကြောင်းအရာများ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/0-5.jpg?fit=800%2C450&ssl=1

Google က I/O Developer Conference 2017 မှာ Android Go , Android O နဲ့ Google Assistant တို့ရဲ့ စွမ်းဆောင်ချက် အသစ်များကို ကြေညာခဲ့ပါတယ်။ Android Go ဟာ RAM နဲ့ Processing Power နည်းပါးတဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများအတွက် အထူး ဖန်တီးထားတဲ့ Google ရဲ့ Operating System အသစ်ဖြစ်ပါတယ်။ ပင်မ Android OS ရဲ့ ပေါ့ပါးတဲ့ ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နိမ့် Specification များ ပါတဲ့ ဖုန်းများမှာ လျှင်မြန်စွာ အလုပ်လုပ်မှာပါ။ 512MB ကနေ 1GB RAM သာပါတဲ့ ဖုန်းများအတွက် အထူး ဖန်တီးထားပါတယ်။ နောက်ထွက်မယ့် Moto C နဲ့ Huawei Y3 တို့မှာ Android Go ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Android Go ရဲ့ အလုပ်လုပ်ပုံ

Android Go ဟာ Android O ရဲ့ စွမ်းဆောင်ချက်များကို အသုံးပြုထားပြီး စွမ်းဆောင်ရည်နိမ့် Device များမှာ အကောင်းဆုံး အလုပ်လုပ်ပေးပါတယ်။ စွမ်းဆောင်ရည် မြှင့်ပေးသလို ဆော့ဖ်ဝဲ အသစ်က Storage, Processing Power , Mobile Data တိုကို အနည်းငယ်သာ စားသုံးအောင် Gmail, Google Chrome တို့လို Google ရဲ့ ပင်မ Apps များကို ပြန်လည်တည်ဆောက်ထားပါတယ်။
Android Go အတွက် Storage, Processing Power , Mobile Data တိုကို အနည်းငယ်သာ စားသုံးတဲ့ Apps များကို Google Play Store မှာ ခွဲခြားပြသထားမှာပါ။ “ Optimized for your device” ကဏ္ဍဖြင့် ပြသထားမှာ ဖြစ်ပြီး အဲဒီမှာ Skype , Facebook တို့ရဲ့ ပေါ့ပါးတဲ့ ဗားရှင်းများကို သုံးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ Apps များဟာ အရွယ်အစားသေးငယ်တဲ့အတွက် ဒေါင်းလုပ်လုပ်ရာမှာ ဒေတာ သက်သာသလို အသုံးပြုရာမှာလည်း ဒေတာ မစားပါဘူး။ Android Go က အသုံးပြုထားတဲ့ ဒေတာ ပမာဏနဲ့ လက်ကျန် ဒေတာ ပမာဏများကိုလည်း ဖော်ပြပေးမှာပါ။ အဲဒီအတွက် အင်တာနက် အသုံးပြုခ ဈေးကြီးတဲ့ နိုင်ငံများ၊ အင်တာနက် နှေးကွေးတဲ့ နိုင်ငံများအတွက် အဆင်ပြေစေပါတယ်။

Android Go မှာ ဗီဒီယိုများကို Offline ကြည့်နိုင်တဲ့ YouTube Go အပါအ၀င် အလားတူ ၀န်ဆောင်မှုများလည်း ပါမှာပါ။ YouTube Go ဟာ အရင်က YouTube Red ကို ၀ယ်ယူ အသုံးပြုသူများအတွက်သာ သုံးနိုင်တဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။ ၀ိုင်ဖိုင် ရနေချိန်မှာ ဗီဒီယိုများကို ဒေါင်းလုပ်လုပ်ထားနိုင်တဲ့အတွက် မိုဘိုင်းဒေတာ ကုန်ကျမှု သက်သာစေပါတယ်။

Android Go ထွက်ရှိမယ့် အချိန်
Android Go ကို အောက်တိုဘာလလောက်မှာ Android O နဲ့ အတူ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ Android Go ထည့်သွင်းထားတဲ့ Device များကိုတော့ နောက်နှစ်မှ ရောင်းချပေးမှာပါ။ ဒါပေမယ့် Android O ကို အဆင့်မြှင့်ထားတဲ့ စွမ်းဆောင်ရည်နိမ့် ဖုန်းများဟာ Android Go ရဲ့ စွမ်းဆောင်ချက်များကို ခံစားရမှာပါ။

Google က Android Go ကို ဖန်တီးရတဲ့ အကြောင်းအရင်း

Google က Android Platform နဲ့ ၀န်ဆောင်မှုများကို လူတိုင်း သုံးနိုင်ဖို့ အလိုရှိနေပါတယ်။ လက်ရှိမှာ လစဉ် Android သုံးသူ ၂ ဘီလီယမ်ကျော် ရှိပါတယ်။ Google က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို မကိုင်နိုင်သူများအတွက် Android Go ကို ဖန်တီးခြင်း ဖြစ်ပြီး နောက်ထပ် ဖောက်သည် ဘီလီယမ်များစွာ ရရှိဖို့ ရည်ရွယ်ပါတယ်။

စွမ်းဆောင်ရည်မြင့် Android Device များကို ကိုင်နိုင်သူများအတွက် Android Go ဟာ အသုံးမ၀င်ပါဘူး။ ဒါပေမယ့် တန်ဖိုးကြီး ဖုန်းများကို မကိုင်နိုင်သူများအတွက်တော့ Android Go ဟာ များစွာ အကျိုးပြုမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 

www.pyaephyo.com

0 comments:

Post a Comment