♪ " ရှေ့ကင်မရာ 20 MP ပါဝင်တဲ့ huawei nova 2 နဲ့ nova 2 plus ကို ဇွန်လ ၁၆ ရက်နေ့ စတင်ဝယ်ယူနိုင် "

Image may contain: phone

ဟွာဝေးကုမ္ပဏီအနေနဲ့ huawei nova 2 နဲ့ nova 2 plus စမတ်ဖုန်းသစ်တွေကို ဇွန်လ 16 ရက်နေ့ စတင်ရောင်းချမှာဖြစ်ပြီး ရှေ့ကင်မရာ 20MP ပါဝင်တယ်လို့ သိရပါတယ်။Selfie ရိုက်ကူးမှုကို ဦးစားပေးထားတဲ့ mid-range ဖုန်း အမျိုးအစားဖြစ်ပြီး Honor ဒီဇိုင်းတွေနဲ့ မတူတော့ပါဘူး။ ဈေးနှုန်းမြင့် huawei P series တွေနဲ့ ပုံစံတူလာပြီး dual camera လည်း ပါဝင်လာပါတယ်။

အနောက်ဘက် ကင်မရာကို 12 MP နဲ့ 8 MP နှစ်လုံးထည့်သွင်းထားပြီး optical zoom နဲ့ portrait mode တွေကိုလည်း အသုံးပြုနိုင်မှာပါ။ ထူးခြားတဲ့အချက်ကတော့ huawei P 10 ရဲ့ ရှေ့ကင်မရာတောင် 8 MP ပဲရှိတဲ့ အနေအထားမှာ Nova 2 နဲ့ 2 plus က 20 MP ပါဝင်လာတာပဲ ဖြစ်ပါတယ်။ Nova 2 နဲ့ Nova 2 plus ကို သတ္ထုကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး Nova 2 က မျက်နှာပြင် 5 လက်မ၊ Nova 2 plus က မျက်နှာပြင် 5.5 လက်မ အသီးသီး ရှိကြပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ LPTS LCD ၊ 1080 p resolution နဲ့ မျက်နှာပြင်ကွေး 2.5D ဖန်သားပြင် အသုံးပြုထားပါတယ်။


သတ္ထု ကိုယ်ထည်ပေမယ့် 6.9mm အထူကြောင့် လုံးဝပါးလွှာပြီး နှစ်သက်ဖွယ်ဒီဇိုင်း ဖန်တီးထားပါတယ်။ Nova 2 ရဲ့ ဘက်ထရီက 2950 mAh ဖြစ်ပြီး Nova 2 plus ရဲ့ ဘက်ထရီခံနိုင်အား ကတော့ 3340 mAh ပဲဖြစ်ပါတယ်။Kirin 659 chipset ကို နဂိုသုံးနေတဲ့ snap dragon 625 နေရာမှာ အစားထိုးလာပါတယ်။


Ram 4GB ရှိပြီး Nova 2 ရဲ့ storage က 64GB နဲ့ Nova 2 plus က 128 GB ရှိနေပါတယ်။ Nova 2 ကို အမေရိကန်ဒေါ်လာ 365 ဝန်းကျင် သတ်မှတ်ထားပြီး Nova 2 plus ကတော့ အမေရိကန်ဒေါ်လာ 420 ဝန်းကျင်လို့ သိရပါတယ်။ Nova 2 နဲ့ Nova 2 plus ကို ဇွန်လ 16 ရက်နေ့မှာ စတင်ရောင်းချမယ်လို့ တရုတ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment