♪ “KENBO Dream One (B18)” - Price - 299,000 Ks ♫

Image may contain: phone

နေ့စဉ်လှုပ်ရှားရုန်းကန်နေရသော လူသားများ၏ဘ၀တွင် စမတ်ကျ လှပဖို့ဟာလည်းလိုအပ်သောအချက် တစ်ချက်ဖြစ်ပါတယ်။ထို့ကြောင့် အသုံးဝင်လှသော Accessories များကို ၀ယ်ယူအသုံးပြုသူများစွာရှိပါ တယ်။ Electronic ထုတ်ကုန် ပစ္စည်းများကို ထုတ်လုပ်သည့်အခါတွင် လည်း လှသထက်လှအောင် စမတ်ကျသထက် ကျအောင် ဆန်းသစ်မှု များစွာနဲ့ ဖန်တီး ထုတ်လုပ်ကြပါတယ်။

KENBO စမတ်ဖုန်းကလည်း ဆန်းသစ်လှပသော Aircraft Aluminium သတ္တုနဲ့ပါးလွှပြီး စမတ်ကျသော Dream One (B18) ဖုန်းကိုထုတ်လုပ်ပေးထားပါတယ်။ တောက်ပြောင် လင်းလက်နေတဲ့ B18 ဖုန်းဟာ ကိုင်ဆောင်အသုံးပြုတဲ့ အခါတွင် စတိုင် ကျလှပနေစေပါတယ်။ Aircraft Aluminium သတ္တုဟာ ပွန်းပဲ့မှုဒဏ်၊ ထိခိုက်မှုဒဏ်တွေကိုခံနိုင်ပြီး လေယာဉ် အတွင်းသားမှာတပ်ဆင်အသုံးပြု လေ့ရှိတဲ့ သတ္တုတစ်မျိုးပဲဖြစ်ပါ တယ်။ B18 ရဲ့ ပါးလွှာမှုဟာလည်း 5.1 mm အထူသာရှိတာ ကြောင့် ကိုင်ဆောင်အသုံးပြုတဲ့အခါတွင် ပေါ့ပါး သွက်လက်စေပါတယ်။ အလေးချိန်ဟာလည်း 98g သာရှိပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်တွင် ရုပ်ထွက်ကောင်းစေရန်အတွက် AMOLED Screen နည်းပညာကိုအသုံးပြုပေးထားပါတယ်။ အလွန်ပါးလွှာတဲ့ Gorilla Glass မှန်ချပ်ပြားလေးကို အပေါ်မှာထပ်မံဖုံးအုပ်ပေးထားတာကြောင့် အစင်းရာ အခြစ်ရာများကိုမဖြစ်ပေါ်စေရန် ကာကွယ်ပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 4.8 inches ရှိပြီး မြင်ကွင်းစွမ်းရည် အပိုင်းတွင် 720x1280 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ်။ 


မြန်ဆန်သောစွမ်းဆောင်ရည်များပေးစွမ်းနိုင်စေဖို့အတွက်လည်း Quad Core 1.2 GHz စွမ်းရည်ရှိသော CPU ကို တပ်ဆင်ပေးထားပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM 2GB နဲ့ ROM 16GB ပါရှိပါမယ်။ ကင်မရာနှစ်မျိုးနှစ်စားပါရှိပြီး အဓိက,ကင်မရာဟာ 8MP စွမ်းရည်ဖြစ်ပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ပါ။ ဘက်ထရီကတော့ Li-Ion 2000mAh ပါ။


<Specifications>

Network - 2G/3G/4G
Memory - 16GB
CPU - Quad Core 1.2GHz
Camera - 8MP
Screen - 4.8inches
OS - Android OS, v5.0
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment