♪ “Xiaomi က Mi Max 2 ကိုမိတ်ဆက်” ( ၃၉၀ ၀၀၀ ကျပ် ၀န်းကျင်) ♫

Image may contain: phone and text

ရှောင်မီက Phablet Phone ဖြစ်တဲ့ Mi Max 2 ကိုမိတ်ဆက်လိုက်ပါတယ်။ Mi Max 2 မှာ ၆.၄၄ လက်မ Full HD Display တပ်ဆင်ထားပြီး Corning Gorilla Glass 4 ဖြင့် ကာကွယ်ထားပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာ ဘက်မှ ဘေးဘောင်များဟာအလွန်သေးငယ်တဲ့အတွက် လှပပါတယ်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး Snapdragon 625 Chipset ထည့်သွင်းထားပါတယ်။

4GB RAM ထည့်သွင်းထားပြီး 64GB or 128GB Storage များရွေးချယ်နိုင် ပါတယ်။ Mi 6 နဲ့ တူညီတဲ့ 12MP Rear Camera ကိုMi Max 2 မှာတပ်ဆင် ထားပေမယ့် Mi 6 လို ၂ လုံးမဟုတ်ဘဲ ၁ လုံးသာပါတာ ဖြစ်ပါတယ်။ Sony ရဲ့ IMX386 Sensor ဖြစ်ပါတယ်။ QuickCharge 3.0 ပါတဲ့ အရွယ်ကြီး 5300mAh Battery ထည့်သွင်းထားပြီး ၁ နာရီအားသွင်းရင် သုံးပုံပုံနှစ်ပုံ ကိုအားဖြည့်ပေးနိုင်တယ်လို့ ရှောင်မီကပြောပါတယ်။

လက်ဗွေရာအာရုံခံကိရိယာကိုအနောက်ဘက်မှာတပ်ဆင်ထားပြီးစတီရီယိုစပီကာ နှစ်ခုပါပါတယ်။ ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျင်မြန်စေတဲ့ USB Type-C Port ကိုတပ်ဆင်ထားပါတယ်။ 64GB Version ကို ၂၄၇ ဒေါ်လာ ( ၃၃၀ ၀၀၀ ကျပ် ၀န်းကျင်) ၊ 128GB Version ကို ၂၉၁ ဒေါ်လာ ( ၃၉၀ ၀၀၀ ကျပ် ၀န်းကျင်) သတ်မှတ်ထား ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment