♪ Google အကောင့်ကနေ ငွေလွှဲနိုင်မည် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/io_payments_wish.width_1600.png?fit=800%2C450&ssl=1

Google က စမတ်ဖုန်းကနေ ငွေလွှဲနိုင်တဲ့ Android Pay , Google Wallet ၀န်ဆောင်မှုများကို ပြုလုပ်ပေးထားပါတယ်။ အခုလည်း ငွေလွှဲနိုင်မယ့် နည်းလမ်း အသစ်တစ်ခုကို Google I/O Developer Conference မှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒါကတော့ Google အကောင့်ကနေ ငွေလွှဲနိုင်မှာ ဖြစ်ပြီး Third Party Developers များက သူတို့ရဲ့ ၀က်ဆိုက်၊ Apps များမှာ အဲဒီ ၀န်ဆောင်မှုကို အသုံးပြုနိုင်မယ့် PaymentAPI အသစ်ကိုလည်း ကုမ္ပဏီက ဖြန့်ချီပေးလိုက်ပါတယ်။

ဒီဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် Users များက သူတို့ရဲ့ Google အကောင့်မှာ Credit Cards များကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ Third Party Developers များက API အသစ်ကို အသုံးပြု၍ သူတို့ရဲ့ ၀က်ဆိုက်များ၊ App များကနေ ငွေလက်ခံနိုင်အောင် ဖန်တီးရမှာ ဖြစ်ပါတယ်။ ငွေလွှဲ ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ လုံခြုံရေးကို Google က တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

Google ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ဖြစ်တဲ့ Assistant ကနေလည်း ငွေလွှဲနိုင်အောင် ဖန်တီးပေးထားပါတယ်။ ဥပမာအားဖြင့် “ Send $50 to Thu Ya “ လို့ Assistant ကို ပါးစပ်ကနေ ပြောလိုက်တာနဲ့ အဲဒီလူထံ ငွေလွှဲပေးမှာ ဖြစ်ပါတယ်။ ငွေလွှဲရာမှာ Authenticate ပြုလုပ်ဖို့အတွက် လက်ဗွေရာ သို့မဟုတ် Password ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Assistant ကနေ ငွေလွှဲတဲ့ ၀န်ဆောင်မှုကို လာမယ့် လများအတွင်းမှာ အမေရိကန် တစ်နိုင်ငံထဲမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google က ယခင်ကလည်း အလားတူ ၀န်ဆောင်မှု တစ်ခု ဖြစ်တဲ့ Google Checkout ကို ဖန်တီးခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အလားတူ ၀န်ဆောင်မှုများစွာ ပေါ်ထွက်လာခဲ့ပေမယ့် Google အကောင့်ကို နေ့စဉ် အသုံးပြုနေသူများပြားတဲ့အတွက် Google ရဲ့ ၀န်ဆောင်မှု အသစ်ဟာ အလားအလာကောင်းနေပါတယ်။



Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment