Lenovo ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက အသစ်ထွက်ရှိလာမယ့် Moto Z2 Play စမတ်ဖုန်းမှာ ဘက်ထရီခံနိုင်ရည်အားနည်းတဲ့ အကြောင်း ထုတ်ဖော်ပြောကြားပြီးနောက်မှာ
ဝေဖန်မှုတွေ ကြုံတွေ့နေရပါ တယ်။ Moto Z2 Play ရဲ့ ဘက်ထရီက 3000 mAh
သာရှိမယ်လို့ lenovo မှ ပြောရေးဆိုခွင့်ရှိသူ Auxen က twitter မှာ
တင်ခဲ့တာပါ။
3000 mAh သာရှိတဲ့ ဘက်ထရီအသေတပ်ဆင်ထားတာသာမှန်ရင် ဒါဟာ ကြီးမားတဲ့ မှားယွင်းမှုပဲလို့ အသုံးပြုသူတွေက ဆိုကြပါတယ်။ Lenovo အနေနဲ့ Moto Z2 Play ရဲ့ တစ်ခြားအချက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးဘဲ ဘက်ထရီကိုတော့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်က ဒါဟာ Auxen ရဲ့ တစ်ဦးတည်း ထုတ်ဖော်ပြောကြားမှုလား ကုမ္ပဏီမားကတ်တင်းအဖွဲ့ကပါ သဘောတူညီပြီး ထုတ်ဖော်တာလားဆိုတာတော့ မရှင်းလင်းသေးပါဘူး။ Twitter က post က ဆက်လက်ရှိနေဆဲဖြစ်ပြီး ကုမ္ပဏီဘက်ကတော့ ဘာကိုမှ တရားဝင်ရှင်းလင်းခြင်း မရှိသေးပါဘူး။
Moto Z2 Play ရဲ့ အချက်အလက်တွေအရ ပါးလွှာမှုဦးစားပေးထားကြောင်းသိရပြီး
ကင်မရာ 12 MP ရှေ့ကင်မရာ 5 MP RAM 4 GB internal memory 64 GB နဲ့
Qualcomm Snapdragon 626 chip ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။ Moto Z Play
နဲ့ယှဉ်ရင် ကင်မရာပိုင်း ဘက်ထရီပိုင်းအားနည်းနေပြီး လာမယ့်သြဂုတ်လမှာ
တရားဝင်အချက်အလက်တွေ သိလာရမယ်လို့ မျှော်မှန်းရပါတယ်။ ရောင်းချမှုကိုတော့
2017 ခုနှစ်အတွင်းမှာပဲ ပြုလုပ်ဖွယ်ရှိပါတယ်။
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
3000 mAh သာရှိတဲ့ ဘက်ထရီအသေတပ်ဆင်ထားတာသာမှန်ရင် ဒါဟာ ကြီးမားတဲ့ မှားယွင်းမှုပဲလို့ အသုံးပြုသူတွေက ဆိုကြပါတယ်။ Lenovo အနေနဲ့ Moto Z2 Play ရဲ့ တစ်ခြားအချက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးဘဲ ဘက်ထရီကိုတော့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်က ဒါဟာ Auxen ရဲ့ တစ်ဦးတည်း ထုတ်ဖော်ပြောကြားမှုလား ကုမ္ပဏီမားကတ်တင်းအဖွဲ့ကပါ သဘောတူညီပြီး ထုတ်ဖော်တာလားဆိုတာတော့ မရှင်းလင်းသေးပါဘူး။ Twitter က post က ဆက်လက်ရှိနေဆဲဖြစ်ပြီး ကုမ္ပဏီဘက်ကတော့ ဘာကိုမှ တရားဝင်ရှင်းလင်းခြင်း မရှိသေးပါဘူး။
Moto Z2 Play ရဲ့ အချက်အလက်တွေအရ ပါးလွှာမှုဦးစားပေးထားကြောင်
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment