♪ စွမ်းဆောင်ရည်မြင့် “OPPO F3 Plus” 599,000 Ks ရဲ့ အသေးစိတ်ဖော်ပြချက်များ ♫

Image may contain: phone

OPPO ၏ F3 Plus တွင် အကောင်းမွန်ဆုံး selfie ပုံများကို ရိုက်ကူးနိုင်မည့် 16-megapixel အရည်အသွေး ရှိသော အရှေ့ကင်မရာပါဝင်လာသည့် အပြင် group selfie ရိုက်ကူးမှုများအတွက် ပိုမိုအဆင်ပြေစေမည့် ၁၂၀ ဒီဂရီ wide-angle lens တပ်ဆင်ထားသည့် ကင်မရာကိုပါ ထည့်သွင်းထား ပါတယ်။ F3 Plus တွင် selfie ရိုက်ကူးရန် အရှေ့ကင်မရာနှစ်ခု ထည့်သွင်း ထားပြီး ကင်မရာတွင် 1/3-inch sensor ပါဝင်ကာ အလင်းရောင်နှင့် ပုံရိပ်ပြတ်သားမှုကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ f/2.0 aperture ကြောင့်လည်း မိမိရိုက်ကူးလိုသောအရာဝတ္ထုကို ပြတ်သားစေ၍ နောက်ခံ ရှုခင်းကို ၀ါးသွားစေသည့် depth-of-field effect ကိုကောင်းမွန်စွာ ရရှိ စေနိုင်မှာဖြစ်ပါတယ်။

OPPO ဟာ selfie ဖုန်းဈေးကွက်မှာ “selfie ဘုရင်”လို့ သတ်မှတ်ထားကြတဲ့ F-series နဲ့ ဦးဆောင်နေပါတယ်။ F3 Plus ဖုန်းတွင် ပါဝင်သော smart face recognition ကြောင့် လူ ၃ ဦးထက် ပို၍ရိုက်မည်ဆိုပါက "Group Selfie"mode သို့ ပြောင်းလဲရိုက်ကူးရန် အသုံးပြုသူအားအသိပေးမှာဖြစ်ပါတယ်။ ထို့အပြင် အသုံးပြုသူများအနေ ဖြင့် လက်တစ်ဖက်တည်းဖြင့် ကိုင်၍ group selfie ရိုက်ကူးရစဉ် အခြေ အနေများတွင်လည်း ပုံရိပ်များကိုတည်ငြိမ်စွာဖြင့် အဆင်ပြေပြေရိုက်ကူး နိုင်မှာဖြစ်ပါတယ်။ PDAF ဆိုသည်မှာ phase detection autofocus ရဲ့အတို ကောက်ဖြစ်ပြီး ရွေ့လျားနေသော အရာဝတ္ထုများကို ကြည်လင် ပြတ်သားသော ပုံရိပ်များရရှိစေရန်အတွက် အလင်းဆုံရပ်ကို အလို အလျောက်အာရုံခံ ရိုက်ကူးပေးသည့် နည်းပညာတစ်ခုဖြစ်ပါတယ်။

F3 Plus ဖုန်းတွင် 4GB RAM, 64GB ROM ပါဝင်ပြီး Octa-Core processor စွမ်းရည်ရှိသော CPU နဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ Nano SIM card နှစ်ခု သို့မဟုတ် Nano SIM card တစ်ခုနှင့် Micro SD card တစ်ခုအတွက် double-slot card tray ပါဝင်ပြီး storage အနေဖြင့် 256GB ထိ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆင့်မြင့် ColorOS 3.0 ပါဝင်သောကြောင့် အသုံးပြုရာတွင် မြန်ဆန်စေပြီး စွမ်းအင်အသုံးပြုမှု ကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။


ဖုန်း၏ လုံခြုံရေးစနစ်အနေဖြင့် Avast-based virus scanner ကို ထည့်သွင်းပေးထား ပါတယ်။ နေ့စဉ် အသုံးပြုရာတွင် ပိုမိုကြာမြင့်စွာ အသုံးပြုနိုင်ခြင်းမှာလည်း OPPO ၏ အဓိက ထူးခြားချက်ပင်ဖြစ်ပါတယ်။ 6 inches မျက်နှာပြင်အကျယ်အ၀န်း ရှိသော F3 Plus ရဲ့ ဘက်ထရီမှာ Li-Ion 4000 mAh ဖြစ်ပါတယ်။ OPPO ၏ ကိုယ်ပိုင် နည်းပညာတစ်ခုဖြစ်သော VOOC Charging စနစ်ကြောင့် အားသွင်းရာတွင် သာမန်ဘက်ထရီများ ထက် လေးဆပိုမိုမြန်ဆန်မှာ ဖြစ်ပြီး လက်ဗွေရာစနစ်အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။


<Specifications>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 6 inches
Camera - 16MP
Bluetooth - v4.1
Storage - 64GB
OS - Android OS, v6.0
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment