♪ Star ဆိုတဲ့ Code Name နဲ့ သတင်းအသစ်ကြားလာရတဲ့ Galaxy S9 ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Galaxy-S9-1-1024x523.jpg?fit=800%2C409&ssl=1

နိုင်ငံတကာ မိုဘိုင်းဖုန်းဈေးကွက်မှာ Samsung ရဲ့ နာမည်ကျော် ထုတ်ကုန် Galaxy စီးရီး ရဲ့ မျိုးကွဲ Galaxy S8 ရဲ့ အရောင်းစံချိန်တရိပ်ရိပ် မြှင့်တက်နေတဲ့အချိန်မှာပဲ နောက်နှစ် ဒီလို အချိန်မှာ ထွက်ရှိမယ့် ဆမ်ဆောင်း Galaxy S9 အကြောင်း ကို အွန်လိုင်းမီဒီယာာတွေ က ဖွင့်ချလိုက်ပါတယ်။

နှစ် ၁ နှစ် ရဲ့ အကောင်းဆုံး အချိန်တွေမှာ ဆမ်ဆောင်းရဲ့ အကောင်းဆုံးထုတ်ကုန်တွေ ကို ထုတ်ပြမယ် လို့ တင်ကြိုကြော်ငြာခဲ့သလိုပဲ Galaxy S9 ရဲ့ ထွက်ရှိလာမယ့် အချိန်ဟာ ၁ နှစ်တိတိ ကျန်ရှိနေပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိလာဖို့ တာစူနေတဲ့ အသစ်ထုတ်လုပ်မယ့် Galaxy S9 ကို Star လို့ Code Name အမည် ပေးထားပါတယ်။ ဒါပေမယ့် ဒါဟာ Code Name တစ်ခု သာ ဖြစ်ပြီး အများပြည်သူ ရှေ့မှောက်ကို ချပြလေ့ရှိတဲ့ Display Name ဟာ အစဉ်အလိုက်သာ ထွက်ရှိခဲ့မယ် ဆိုရင်တော့ S9 ဖြစ်မယ် ဆိုပေမယ့် တကယ့်လို့ ဒီအတောအတွင်းမှာ တခြား စိတ်ကူး အကြံညဏ်တွေ သာ ရှိနေခဲ့မယ် ဆိုရင်လည်း စီးရီးတွဲတစ်ခု ကနေ သွေဖယ်ပြီး စီးရီးအသစ် ၁ ခု စတင်သွားဖို့လည်း ရှိနေပါတယ်။

ကိုရီးယား ရဲ့ ဆည်းလည်းချိုလေးများ လို့ တင်စားခေါ်ဆိုနေကြတဲ့ ဆမ်ဆောင်းဖုန်းတွေ ဟာ ကံအကောင်းမလှစွာနဲ့ပဲ တစ်ခုမဟုတ်၊ တစ်ခု အခက်အခဲတွေ ရှိတတ်လို့ ဝေဖန်သူတွေ နဲ့ အွန်လိုင်း ဘလော့ဂါတွေက တိကျပြီး အမှားအယွင်းကင်းရှင်းမှ သာ ထုတ်လုပ်ဖို့ ဝေဖန်လျက်ရှိကြပါတယ်။ ကိုရီးယား ရဲ့ စက်မှုဝန်ကြီးဌာန အကြီးအကဲတွေကလည်း Note 7 ပြသနာ မျိုးကို ထပ်မံကြုံတွေ့ရမယ် ဆိုရင် ကိုရီးယား ထုတ်ကုန်တွေကို နိုင်ငံတကာ က ပြည်သူတွေ အယုံအကြည်မဲ့သွားကြမယ် လို့ တင်ကြို သတိပေးထားလျက်ရှိပါတယ်။

ပုံမှန်အတိုင်းဆိုရင် ၂၀၁၈ ခုနှစ် ၊ ဧပြီလမှာ ထွက်ရှိလာမယ့် Samsung Galaxy S9 ဟာ အသွင်ကွဲ ဗားရှင်း ၃ မျိုး နဲ့ လာဖို့ ခန့်မှန်းထားပြီး S9, S9plus, S9s စတာတွေ ဖြစ်မယ် လို့ ဆိုပါတယ်။ အွန်လိုင်းပေါ်မှာတော့ အဲဒီနာမည်တွေ နဲ့ ၀က်ဆိုဒ်တွေ ရယူထားပြီး အချက်အလက် တချို့တောင် ပေါက်ကြားလျက်ရှိပါတယ်။ အဲဒီ အတည်ပြုမရသေးတဲ့ ခန့်မှန်း သတင်းအချက်အလက်တွေ အရ ချိုးဖဲ့ နိုင်တဲ့ မျက်နှာပြင် A foldable screen , A smaller version , FingerPrint, Dual Lens , နဲ့ ချိုသာတဲ့ ဈေးနှုန်းတွေ ကို ခန့်မှန်းလျက်ရှိနေကြပေမယ့် Lower Price ကိုတော့ သိတ်မယုံကြဘဲ လူအများစု စိတ်ဝင်စားနေကြတာက သိတ်မကြာခင်မှာ ချပြမယ် လို့ ဆမ်ဆောင်းက ကြော်ငြာထားတဲ့ Foldable Screen ဒါမှမဟုတ်  stretchable မျက်နှာပြင်  ခေါက်နိုင်၊ ကွေးနိုင်၊ လိပ်နိုင်မယ့် Display ပဲဖြစ်တယ် လို့ သိရပါတယ်။

(ဖော်ပြထားတဲ့ ပုံဟာ ခန့်မှန်းခြေ Rumor Photo သာ ဖြစ်ပါတယ်။)




Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 

www.pyaephyo.com

0 comments:

Post a Comment