♪ " Facebook က Order Food Option ကို ထည့်သွင်းပေး " ♫

No automatic alt text available.

Facebook က Desktop Website နဲ့ Mobile Apps များမှာ အစားအစာများ မှာယူနိုင်တဲ့ စွမ်းဆောင်ချက်တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒတ်စတော့ရဲ့ JUExplore ကဏ္ဍနဲ့ App Menu ကိုသွားပြီး Humberger Icon ကိုနှိပ်ရင် အိမ်တိုင်ယာရောက် အစားအစာများ ပို့ဆောင်ပေးမယ့် အနီးအနားမှ စားသောက်ဆိုင်များကို ပြသတဲ့စကရင်ကို ရောက်ရှိမှာဖြစ်ပါတယ်။

စားသောက်ဆိုင်စာရင်းကနေ စားသောက်ဆိုင်တစ်ခုချင်းစီရဲ့ Facebook Page ထံသွားနိုင်ပြီး အစားအစာများ မှာယူနိုင်ပါတယ်။ စားသောက်ဆိုင်ရဲ့ Menu ကနေ နှစ်သက်တဲ့အစားအစာများကို မှာယူနိုင်ပြီး Tip များ ပေးနိုင်ပါသေးတယ်။ Facebook က အစားအစာများ အိမ်တိုင်ယာရောက် ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုများဖြစ်တဲ့ Delivery.com နဲ့ Slice တို့နဲ့ ပူးပေါင်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒီစွမ်းဆောင်ချက်ကို အမေရိကန်ပြည်ထောင်စုရှိ အချို့ဒေသများမှာသာ အသုံးပြုနိုင်သေးတယ် လို့ သိရပါတယ်။ အခြားနိုင်ငံများအတွက် ၀န်ဆောင်မှုပေးမယ့်အချိန်ကို မသိရသေးပါဘူး။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment