♪ iOS မှာ email attach လုပ်နိုင်မယ့် နည်းလမ်းသုံးရပ် ♫


iOS ပေါ်က Mail app မှာ ဖိုင်တွေကို attach လုပ်ချင်တဲ့အခါ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ပေးပို့နိုင်ပါတယ်။ Mail app မှာ ဖိုင်တွေကို attach လုပ်ချင်တဲ့အခါမှာ attach လုပ်ဖို့အတွက် ခလုတ်ကို မဖော်ပြထားပါဘူး။

နည်းလမ်း – ၁
iOS ပေါ်က Mail app ကို အသုံးပြုတဲ့အခါမှာ ပေးပို့မယ့် mail ထဲမှာ attach ဖိုင်ထည့်သွင်းချင်တယ်ဆိုရင် message နေရာမှာ အတန်ကြာအောင် ဖိထားပါ။ ဒါဆိုရင် Cut, Copy and Paste ဆိုတဲ့ Option တစ်ခုပေါ်လာတာကိုတွေ့ရပါမယ်။ အဆိုပါ options မှာ ညာဘက်ထောင့်နားမှာ မြှားပုံစံလေးတွေ့ရပါမယ်။ နှိပ်လိုက်ရင် Insert Photo or Video ဆိုတာကို တွေ့ရပါမယ်။ ဒါကတော့ Library ထဲက ဓာတ်ပုံနဲ့ ဗီဒီယို တွေကို attach လုပ်နိုင်မှာဖြစ်ပါတယ်။


နည်းလမ်း – ၂
တကယ်လို့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိုသာ attach လုပ်မယ်ဆိုရင် ပထမရွေးချယ်ထားတဲ့ Insert Photo or Video ဆိုတာကိုရွေးချယ်ရုံနဲ့အဆင်ပြေပါတယ်။ ဒါမှမဟုတ် iCloud ထဲက ဓာတ်ပုံတွေနဲ့ ဖိုင်တွေကို attach လုပ်ချင်တယ်ဆိုရင် Add Attachment ဆိုတာကို ရွေးချယ်နိုင်ပါတယ်။



နည်းလမ်း – ၃
Photo app ကနေလည်း ဓာတ်ပုံတွေ ဗီဒီယိုတွေကို attach လုပ်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ဓာတ်ပုံတွေကို select လုပ်ပါ။ ပြီးရင် ဘယ်ဘက်ထောင့်အောက်ခြေနားမှာ share button ကို တွေ့ရပါမယ်။ အဆိုပါ share button ကို နှိပ်ပြီး Mail app ကိုရွေးချယ်ကာ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို attach လုပ်နိုင်ပါတယ်။





Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 www.pyaephyo.com

0 comments:

Post a Comment