♪ " Power Bank တစ်လုံးလို အားအမြန်သွင်းနိုင်ပြီး (2) ရက်အထိ အသုံးပြုနိုင်မယ့် Xiaomi Mi Max 2 " ♫

Image may contain: phone

Xiaomi Mi Max 2 ကို power bank တစ်လုံးနီးပါး လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပြီး အားအမြန်သွင်းနိုင်တဲ့စနစ်၊ တစ်ခါအားသွင်းထားရုံနဲ့ နှစ်ရက်ကြာအသုံးပြုနိုင်မယ့် စွမ်းဆောင်ရည်တွေ ပါဝင်လာတာ တွေ့ရပါတယ်။ မေလ (25) ရက်နေ့က တရုတ်ပြည်မှာ တရားဝင်မိတ်ဆက်ခဲ့ပြီး ဇွန်လ (1) ရက်နေ့ကိုတော့ တရုတ်ပြည်တွင်းမှာပဲ ဝယ်ယူနိုင်ဦးမယ်လို့ သိရပါတယ်။ အိန္ဒိယအပါအဝင် တစ်ခြားဈေးကွက်တွေမှာ ရောင်းချမယ့်အစီအစဉ်ကိုတော့ Xiaomi က ပြောဆိုခြင်း မရှိသေးပါဘူး။

Ram 4GB ပါဝင်ပြီး 64GB storage အတွက် တရုတ်ယွမ်ငွေ 1699 ၊ 128GB အတွက် တရုတ်ယွမ်ငွေ 1999 သတ်မှတ်ထားတာကြောင့် 64GB အတွက် မြန်မာကျပ်ငွေ 330,000 ကျော်နဲ့ 128GB အတွက် 398,000 ကျပ် ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ရောင်းချမယ့်ဈေးက အပြောင်းအလဲရှိနိုင်တယ်လို့ ဖုန်းဆိုင်တွေက ဆိုထားပါတယ်။ 6.44 လက်မရှိတဲ့ Full HD display (1080×1920pixels) ပါဝင်ပြီး လက်တဖက်တည်းနဲ့ အသုံးပြုရလွယ်ကူစေမယ့် လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားပါသေးတယ်။


မျက်နှာပြင်ကြီးပေမယ့် ဘေးဘောင်အစွန်းတွေကို အဝိုင်းပုံစံကွေးထားတာကြောင့် ကိုင်တွယ်ရတာ ပိုပြီးသက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ Octa-core Snap dragon 625 အသုံးပြုထားပြီး လက်ဗွေစနစ်ကို ဖုန်းရဲ့နောက်ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ Android Nougat အခြေခံ MIUI 8 ပါဝင်လာပြီး Mi Max တုန်းကလိုပဲ သတ္ထုကိုယ်ထည်နဲ့ တီဗီ ၊ အဲယားကွန်းတွေကို remote သဖွယ်ထိန်းချုပ်စေနိုင်မယ့် IR Blaster ပါဝင်တာ တွေ့ရပါတယ်။ အားသွင်းပေါက်နဲ့ စပီကာကို ဖုန်းရဲ့အောက်ခြေမှာ တွေ့မြင်နိုင်ပြီး လျင်မြန်စွာအားသွင်းနိုင်တဲ့ Quick charge 3.0 ကြောင့် တစ်နာရီအားသွင်းရုံနဲ့ 68% အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


12 MP ကင်မရာအတွက် dual LED flash ထောက်ပံ့ပေးထားပြီး ရှေ့ကင်မရာက 5 MP ရှိပါတယ်။ Sony ရဲ့ IMX 386 ဆင်ဆာက အလင်းအမှောင်ချိန်ညှိရာမှာ အကောင်းဆုံးရလဒ်ကို ပံ့ပိုးပေးပါလိမ့်မယ်။ Xiaomi ရဲ့ အဆိုအရ Mi 6 မှာအသုံးပြုထားတဲ့ image sensor နည်းပညာကို Mi Max 2 မှာလည်း အသုံးပြုထားတယ်လို့ သိရပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment