♪ “သိန်း ၁ ထောင်တန် ရွှေ iPhone X ကိုရောင်းပြီ” ♫

Image may contain: phone and text

Brikk က iPhone X ကိုမိတ်ဆက်ပွဲမတိုင်ခင်မှာပဲရွှေကိုယ်ထည်ဖြင့် ဖန်တီးထားတဲ့ iPhone X ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ Brikk ဟာအမေရိကန် ပြည်ထောင်စုလော့အင်ဂျလိစ် အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီးရွှေ၊ ပလက်တီနမ် ကိုယ်ထည်ဖြင့် ဖန်တီးထားတဲ့ သူ့ရဲ့ iPhone X စမတ်ဖုန်းများဟာမြန်မာငွေ အားဖြင့် သိန်း ၁ ထောင် ၀န်းကျင်အထိ တန်ကြေးရှိနိုင်ပါတယ်။ ဒေါ်လာအားဖြင့် ၇၅၀၀ နဲ့ ၇၀၀၀၀ အကြား တန်ကြေးရှိပါတယ်။

တန်ဖိုးအကြီးဆုံး ဖြစ်တဲ့ ဒေါ်လာ ၇ သောင်းတန် မော်ဒယ်ကို Lux iPhone X Ingot 250 လို့ အမည်ပေးထားပြီး ၂၅၀ ဂရမ် အလေးချိန်ရှိတဲ့ ၂၂ ကာရက် ရွှေကိုအသုံးပြုထားပါတယ်။ လော့အင်ဂျလိစ်ရှိ Art Laboratory မှာသူ့ကိုလက်ဖြင့် ဖန်တီးထားပါတယ်။

အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဟောင်ကောင်၊ မကာအိုနဲ့ စင်ကာပူ နိုင်ငံများမှာရောင်းချပေးမှာ ဖြစ်ပြီးBrikk က ၀ယ်ယူတဲ့ မော်ဒယ်အပေါ် မူတည်၍ နိုဝင်ဘာလနဲ့ နောက်နှစ် ဇန်န၀ါရီလအတွင်းမှာ ပို့ဆောင်ပေး မယ်လို့ ပြောပါတယ်။

Brikk ဟာယခင်ကစိန်များခြယ်သထားတဲ့ iPhone 7 နဲ့ Apple Watch စမတ်နာရီများကိုထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။လက်ရှိမှာလည်းကုမ္ပဏီကရွှေ၊ ပလက်တီနမ်ဖြင့် ဖန်တီးထားတဲ့ AirPods ကိုဒေါ်လာ ၁ သောင်း ဖြင့် ရောင်းချပေးနေပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment