iPhone X ထက် လန်းတာကတော့ ဘက်ထရီမလိုတဲ့ ဆဲလ်ဖုန်း ဖြစ်ပါတယ်။ သူ့ကိုအားသွင်းပေးစရာမလိုဘဲ ပတ်ဝန်းကျင်မှ စွမ်းအင် များကိုသူကရယူအသုံးပြုခြင်း
ဖြစ်ပါတယ်။ အဲဒီဆဲလ်ဖုန်းဟာ Google Faculty Research Program ရဲ့
တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး U.S. National Science Foundation ကလည်းဒေါ်လာ ၂
သန်းရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဆဲလ်ဖုန်းကိုဖန်တီးတဲ့ VamsiTalla က
ဖုန်းပြောဆိုဖို့ အတွက် Board တစ်ခုထဲကိုအသုံးပြုထားပါတယ်။ တီထွင်သူအဖွဲ့က Jeeva Wireless မှာအဲဒီဆဲလ်ဖုန်းကိုမိတ်ဆက် ခဲ့ပါတယ်။
အဲဒီဆဲလ်ဖုန်းဟာ Skype ကနေတောင် ဖုန်းပြောနိုင်ပါတယ်။ ဖုန်းဟာ ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့ ရေဒီယိုလှိုင်းများကနေစွမ်းအ င်ကို
ရယူ အသုံးပြုခြင်း ဖြစ်ပါတယ်။ Base Station မှ ရေဒီယိုလှိုင်းများကို
ပြုပြင် ခြင်း၊ ရောင်ပြန်ဟပ်ခြင်းဖြင့် ဖုန်းပြောနိုင်စေတဲ့ Backscattering
နည်းပညာကိုသူ့မှာထည့်သွင်းထားပါတယ်။ ဖုန်းဟာ 3 microwatts power ကိုသာစားသုံးပြီးလက်ရှိစမတ် ဖုန်းများစားသုံးတဲ့ စွမ်းအင် ပမာဏထက် အဆပေါင်း ၁၀၀၀ လောက် လျော့နည်းပါတယ်။
Talla က အနာဂတ်မှာဒီနည်းပညာကိုဆဲလ်ဖုန်းအများစုမှာထည့်သွင်းနို င် မယ်လို့ ယုံကြည်နေပါတယ်။ Talla က ဘက်ထရီမပါတဲ့ ဖုန်းမှာ စမတ်ဖုန်းအလုပ်များလုပ်နိုင်ဖို့အတွက် E-Ink Display ကိုတပ်ဆင်ဖို့ စီစဉ်နေပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အဲဒီဆဲလ်ဖုန်းဟာ Skype ကနေတောင် ဖုန်းပြောနိုင်ပါတယ်။ ဖုန်းဟာ ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့ ရေဒီယိုလှိုင်းများကနေစွမ်းအ
Talla က အနာဂတ်မှာဒီနည်းပညာကိုဆဲလ်ဖ
Mobile Guide Journal (Every Monday)
https://www.facebook.com/
0 comments:
Post a Comment