ဂေရဟမ္ဘဲလ္ကေနအစျပဳခဲ့တဲ့ဆက်သွယ်ရေးကိရိယာတစ်ခုကနေ ယနေ့ခေတ်မိတ်ဆွေတို့လက်ထဲမှာ ကွယ်ဝှက်ကိုင်ထားဖို့မလိုတဲ့စမတ်ဖုန်း တွေရှိနေပြီမလား၊အကွာအဝေးတွေကိုချုံ့ပစ်ဖို့၊ကိုယ့်အမှ တ်ရခြင်းတွေsave လုပ်ထားဖို့၊ကိုယ့်စကားတွေစာသားဖြစ်ဖို့၊ကိုယ့်ဝေဖန်လေ ကန်ရေးကအစ၊ ကမ္ဘာအနှံ့နေရာအနှံ့လူမျိုးအ စုံကိုစကရင်အရွယ်အစားအမျိုး မျိုးကနေ ဝေဖန် လေ့လာသုံးသပ်ကြည့်ရှုဖို့ဒီလို မိုဘိုင်းဖုန်းတစ်လုံးကို မရှိမဖြစ်အဆင်တန်ဆာတစ်ခုအနေနဲ့ကိုအ သုံးပြုဖို့လိုတယ်မလား။ကျဉ်း ကျဉ်းလာတဲ့ကမ္ဘာမှာ တယ်လီကွန်း၊ဖိုက်ဘာမျှင်အစရှိသဖြင့်ကုတ်တွေကနေအခြေခံတဲ့ AI တွေ၊ Robort တွေ ဖြစ်ဖွယ်မရှိတဲ့စိတ်ကူးယဉ်ပုံပြင်တွေကနေအပြင်ကိုထွက်လာ ကြပြီ မဟုတ်လား။
မိတ်ဆွေရဲ့မိုဘိုင်းဖုန်းအမျိုးအစားမှာမိတ်ဆွေရဲ့စိတ်ေ နစိတ်ထားပါပါနေ ပါသလား၊ယုတ္တိဗေဒဆန်ဆန်မေးခွ န်းတွေနဲ့ကစားပွဲကိုစလိုက်ြ ကရအောင်၊ တစ်နေ့မှာမိုဘိုင်းဖုန်းကို ဖုန်းပြောဖို့တင်မဟုတ်ဘဲကြည့်မိတဲ့အကြိမ်အရေ အတွက်၊ဆိုရှယ်မီဒီယာအပါအ၀င် တခြားSocial Platform တွေပေါ်မှာလွှင့်နေ မျှော်နေတဲ့အကြိမ်အရေအတွက်၊ နှစ်သက်တဲ့အဆိုတော်တစ်ယောက် ရဲ့MTV တွေကိုYoutube ပေါ်မှာခံစားမိနေတဲ့အကြိမ်အေ ရအတွက်ဘယ်လောက်များ ရှိနေမလဲ၊စစ်တမ်းကောက်သူအချို့ရဲ့အဆိုအရ…ဒါဟာရောဂါတစ်မျိုးပဲ ဆိုကြပါစို့ရဲ့။စာသင်စာကျက် သလိုမိုဘိုင်းဖုန်းကိုအချိန်ဇယားနဲ့အသုံးပြုဖို့ ဘယ်သူ့ဘယ်သူကမှplan ချထားခဲ့မယ်မထင်ဘူး။ကျန်းမာ ရေးဆောင်းပါး တွေအရမမြင်နိုင်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်သင့်မှု ၊ယာဉ်ဘေး အန္တရာယ် ကင်းရှင်းရေးလှုံ့ဆော်စာတွေအ ရယာဉ် မောင်းစဉ်လက်ကိုင်ဖုန်းမပြောရ၊ ဆီဆိုင်အတွင်းမိုဘိုင်းဖုန်း ယူဆောင်မလာရ၊မပြောရဆိုတဲ့အ ကြောင်းအရာ တွေမှာ ..လိုက်လိုက်နာနာရှိခဲ့ကြပါ သလား။အထူးအဆန်း လုပ်ပြောကောင်း ပြောနေတယ်ဆိုပေမယ့်မိနစ်ပေါ င်း၁၄၄၀မှာဘယ်လောက်ပမာဏဟာ မိုဘိုင်းဖုန်းတစ်လုံးတည်းမှာစိတ်ရောက်နေမလဲ၊မိုဘိုင်း ဖုန်းတစ်လုံးဟာ မိတ်ဆွေကိုအောက်ပါအချက်တွေနဲ့ ဆွဲဆောင်ထားတယ်ဆိုပါစို့… …။
မျက်နှာအသွင်အပြင်အရွယ်အစား သေသပ်လှပမှု၊Branded Model၊ ကွန်ရက် ကောင်းမွန်မှု၊Social Apps၊Data ပြည့်ဝစွာအသုံးပြုမှု၊ကင်မရာ ၊ဂိမ်းအစ ရှိသဖြင့်ပေါ့၊မိတ်ဆွေရဲ့တစ်နေ့တာ၂၄နာရီမှာမိတ်ဆွေသူရဲ့  ဆွဲဆောင်မှုမှာ ဘယ်လောက်ထိပေးခဲ့ရသလဲ။မိတ်ေ ဆွရဲ့အချိန်တွေကိုပေါ့၊အကျိုးရှိတဲ့ အသုံးချမှုတွေပါကွာလို့မိတ်ေ ဆွစောဒကတက်နိုင်ပါတယ်။မိတ်ေ ဆွ ဘတ်စ်ကားဂိတ်မှာကားစောင့်တဲ့  အခါ၊မိတ်ဆွေမီးရထားစီးတဲ့အ ခါ၊မိတ်ဆွေ အဌားယာဉ်ပေါ်က နေပြင်ပကိုကြည့်မိတဲ့အခါ၊မိ တ်ဆွေနာရေးတစ်ခုကို သွားတဲ့အခါအစရှိသဖြင့် မြင်တွေ့ရမှုတွေမှာစမတ်ဖုန်း တွေရဲ့ဆွဲဆောင်မှု အပေါ်မျောပါနေတဲ့ရဟန်းရှင်လူ ပုဂ္ဂိုလ်တွေကိုမိတ်ဆွေတွေ့ရ ပါလိမ့်မယ်။ ခေတ်ဆိုတာကိုကျွန်တော်တို့ဘ ယ်လိုမြင်နေရသလဲ၊တိုးတက်ပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ်တွေထဲမှာတယ်လီ ကွန်းကဏ္ဍဟာအရှိန်အဟုန်နဲ့Bom b ဖြစ်လာတဲ့အခြေအနေ ..လူဦးရေသန်း၆၀ ကျော်ရှိတဲ့အခြေအနေမှာ ဆင်းကတ် သိပ်သည်းဆတွေတစ်ဟုန်ထိုးတက် လာတဲ့အခါစမတ်ဖုန်း၊ Feature ဖုန်းအစရှိသဖြင့်အရေအတွက်ကိုတွက်ချက်ဖို့ခဲယဉ်းကောင်းခဲယဉ်း ပါလိမ့်မယ်။Facebook ဆိုတဲ့social app တစ်ခုတည်းကိုတောင်လူသန်းချီ အသုံးပြုနေပါတယ်ဆိုတဲ့စစ်တမ်းထုတ်ပြန်ချက်တွေအရစမတ်ဖုန်းတွေရဲ့ အခန်းကဏ္ဍကလည်းအရေးပါလာတာကို တွေ့နေရပါတယ်။ ၂၀၁၂ခုနှစ် နောက်ပိုင်းဆက်သွယ်ရေးကဏ္ဍပြု ပြင် ပြောင်းလဲမှုဖြစ်စဉ်ထဲမှာမှ အော်ပရေတာအသစ်နှစ်ခုဝင်လာခဲ့  တဲ့နောက်ပိုင်း၂၀၁၃ခုနှစ်မှာမိုဘိုင်း ဖုန်းသုံးစွဲမှုဟာ၁၀ရာခိုင်နှုန်း၊၂၀၁၄မှာ၂၇ရာခိုင်နှုန်း ၊၂၀၁၆နှစ်ကုန်ပိုင်းမှာ တစ်နိုင်ငံလုံးရဲ့၈၀ရာခိုင် နှုန်း၊၂၀၁၉မှာတစ်နိုင်ငံလုံးရဲ့၉၀ရာခိုင်နှုန်းကို ရောက်လာတော့မယ်ဆိုတာပို့ဆော င်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားတာတွေ ..အခုလက်ရှိမှာလည်းစတုတ္ထအော်ပရေတာပါ ထပ်မံပါဝင်လာခဲ့တော့ဒီလိုအေ ခြအနေအရကျွန်တော်တို့မိုဘို င်းဖုန်းတစ်လုံးနဲ့ ခေတ်တွေကို စောင့်ကြည့်ဖြတ်သန်းဖို့တော့ လိုမယ်မလား။
မိုဘိုင်းဖုန်းတစ်လုံးတည်းက လူမှုကွန်ရက်တွေကိုအသုံးချခြ င်းတွေကနေ၊ အင်တာနက်အသုံးပြုမှုတွေကနေလူ အချင်းချင်းသိရှိလာကြမှုများ စွာဖြစ်ပေါ်လာခဲ့ပြီးသီးသန့် ဆန်စွာရှိနေခဲ့တဲ့လူမှုပတ်ဝန်းကျင်ကိုသိသိသာသာ ပြောင်းလဲနိုင်ခဲ့တဲ့အဖြစ်ေ တွလက်ရှိခေတ်အတွင်းဖြစ်ပေါ်ေ နတာတွေကို လည်း မြင်နေတွေ့နေရပါတယ်။အဆိုးဘက်ကိုဦးတည်တဲ့ ဖြစ်ရပ်တွေက လည်းမိုဘိုင်းဖုန်းတစ်လုံး၊ Application တစ်ခုကနေ ဖြစ်ပျက်ခဲ့ကြတာ လည်းယခင့်ယခင် ဆောင်းပါးတွေထဲဖတ်မိဖူးခဲ့မ ယ်ထင်ပါတယ်။မိုဘိုင်းဖုန်း အမှတ်တံဆိပ်အမျိုးမျိုးကိုလ ည်းမိတ်ဆွေတို့ကိုင်တွယ်ဖြတ်သန်းခဲ့ကြမယ်ထင်ပါတယ်။အင်တာနက်အသုံးပြုမှုမှာယခင်စိတ်ြ ကိုက်ရွေးချယ်မှုမရှိခဲ့တဲ့ အခြေအနေကနေအခုအပြိုင်အဆိုင် အော်ပရေတာတွေရဲ့ဝန်ဆောင်မှုေ တွ ကိုကြိုက်တဲ့မိုဘိုင်းဖုန်း ဟန်းဆက်ပေါ်ကနေအသုံးပြုလို့ရ တဲ့အခြေအနေ။ အမေရိကန်မှာဆိုရင်ဝင်ငွေကန် ဒေါ်လာ၁၀၀,၀၀၀ကနေ၁၅၀,၀၀၀ရှိတဲ့ နေအိမ်၉၂ရာခိုင်နှုန်းကbroad band အင်တာနက်အသုံးပြုနေပြီးတော့ ၀င်ငွေကန်ဒေါ်လာ၂၅,၀၀၀ရှိတဲ့ နေအိမ်ထက်ဝက်ခန့်လောက်က မြန်နှုန်းမြင့် အင်တာနက်အသုံးပြုနေကြကြောင်းစစ်တမ်းတွေတချို့ကဆိုတယ်။အ ခမဲ့ ၀ိုင်ဖိုင်အသုံးပြုကြဖို့အရ င့်အရင်ISP တွေလုပ်နေကြပေမယ့်အပြောင်းအ လဲ တွေကြားမှာဝိုင်ဖိုင်free zone ဆိုတာကိုမိုဘိုင်းဖုန်းကအင် တာနက်လိုင်း ကောင်းမကောင်းလောက်သာဂရုပြု သုံးစွဲမယ့်သူလက်ချိုးရေလို့  ရပါတယ်။
ကျွန်တော်တို့ဆီမှာလူတန်းစေ့ မဖြစ်နိုင်သေးပေမယ့် ငွေကြေးအရတိကျတဲ့ စစ်တမ်းတွေရှိမလာသေးပေမယ့်ဝ န်ဆောင်မှုအပြည့်အ၀ရတဲ့အထိအားသွန် ခွန်စိုက်လုပ်ဆောင်နေတဲ့ အော်ပရေတာတွေကို တွေ့နေရတဲ့အတွက် နေရာအနှံ့4G မကြာမီလာမည်ဆိုတဲ့ခေတ်ကောင်းကောင်းတွေကို မြင်တွေ့ ရဖွယ်ရှိပါတယ်။အရှေ့တောင်အာ ရှနဲ့သမုဒ္ဒရာကျွန်းနိုင်ငံေ တွမှာ သုံးနေကြ တဲ့ဟန်းဆက်တွေရဲ့၂၅ရာခိုင်နှုန်းကစမတ်ဖုန်းတွေပဲဆိုတဲ့ ပြောကြားချက် ကိုယခင်စမတ်ဖုန်းBrand တစ်ခုဖြစ်တဲ့Sony နဲ့လက်တွဲခဲ့ပြီးအခုသီးသန့် အဖြစ်တည်ရှိနေတဲ့Ericsson ကထုတ်ပြန်တယ်။စမတ်ဖုန်းတွေရဲ့အခန်းကဏ္ဍ ဟာတဖြည်းဖြည်းအရေးပါလာတဲ့အေ ခြအနေမှာကျွန်တော်တို့အနေနဲ့  ခေတ်တော်တော်များများကို ဖြတ်သန်းခဲ့ကြပြီးမဟုတ်ပါလား။ မြန်မာ၊ အင်ဒိုနီးရှား၊ဘင်္ဂလားဒေ့ရှ် နဲ့ဗီယက်နမ်စတဲ့နိုင်ငံတွေဟာလွန်ခဲ့တဲ့နှစ်တုန်းကတည်းက မိုဘိုင်းဖုန်းအသုံးပြုမှုအဖွံ့ဖြိုးဆုံးထိပ်တန်းလေးနို င်ငံထဲမှာပါတယ် ဆိုတဲ့ထုတ်ပြန်ချက်တွေဟာကျွ န်တော်တို့ရဲ့မိုဘိုင်းဖုန်းတစ်လုံးပေါ်ကနေ ဖြစ်တည်နေတဲ့ ခေတ်တွေရဲ့အကြောင်းကိုမီးမောင်းထိုးပြလိုက်တာပါပဲ။ မိုဘိုင်းဖုန်းတစ်လုံးပေါ်မှာအခြေခံပြီးစီးပွားလူမှုအဆော က်အဦတွေဖန်တီးနိုင်ဖို့တခြားသောနိုင်ငံတွေလို ကွန်ရက် ပြည့်စုံစိတ်တိုင်းကျရမှုမှာ လှည့်ကြည့်စရာမလိုအောင် ကောင်းမွန်ဖို့အတွက်ကတော့ဖားခုန်ခုန်ပြီးလိုက်မှရမယ်လို့ တချို့ တချို့သောပညာရှင်တွေအချို့က ဆိုပါတယ်။
မိုဘိုင်းဖုန်းအသုံးပြုမှု၊လူမှုကွန်ရက်အသုံးပြုမှုဟာ နေရာဒေသမရွေးအရှိန် အဟုန်နဲ့ဖြစ်လာတဲ့အပေါ် သုံးသပ်သူတွေရဲ့အဆိုအရ၂၀၂၀မှာကျွ န်တော် တို့မျက်ခြေမပြတ်စောင့်ကြည့် ရမလား၊လိုက်ပါစီးမျောသွားမ လား၊မိုဘိုင်း ဖုန်းတစ်လုံးပေါ်ကနေကျွန်တော်တို့ခေတ်တွေကိုတည်ဆောက်နေမ လား၊ ဘ၀တွေကိုတည်ဆောက်နေမလား၊လုပ်ငန်းတွေကိုစီမံခန့်ခွဲနေမလား၊နိုင်ငံ ရေး၊စီးပွားရေး၊လူမှုရေး၊ကျန်း မာရေးအစရှိသဖြင့်…ဘာတွေကိုအကျိုးရှိရှိ လုပ်ဆောင်နေကြမလဲ။မိတ်ဆွေသင်ကောကျွန်တော်တို့မိုဘိုင်း ဖုန်းတစ်လုံး နဲ့ဖြတ်သန်းခဲ့တဲ့မိုဘိုင်း ဖုန်းတစ်လုံးပေါ်ကဘယ်ခေတ်ထဲမှာပါဝင်နေသလဲ ဆိုတာ။
မိတ်ဆွေရဲ့မိုဘိုင်းဖုန်းအမ
မျက်နှာအသွင်အပြင်အရွယ်အစား
မိုဘိုင်းဖုန်းတစ်လုံးတည်းက
ကျွန်တော်တို့ဆီမှာလူတန်းစေ
မိုဘိုင်းဖုန်းအသုံးပြုမှု၊လ
ရာဇကိုကို
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment