♪ “Facebook က စိတ်ဖြင့် ဆက်သွယ်နိုင်တဲ့ ကိရိယာကို ပြသမည်” ♫

Image may contain: 1 person, sunglasses and text

Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာစိတ်ဖြင့် ဆက်သွယ် စကားပြောနိုင်တဲ့ ကိရိယာတစ်ခုကို တီထွင်နေပါတယ်။ အဲဒီကိရိယာကိုလာမယ့် ဧပြီလမှာကျင်းပ မယ့် F8 Conference မှာမိတ်ဆက်မယ်လို့ သတင်းရရှိပါတယ်။

Facebook က အဲဒီနည်းပညာကို Brain Computer Interface လို့ အမည် ပေးထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ Facebook ရဲ့ စီအီးအို ဖြစ်သူ Mark Zuckerberg က စိတ်ကူးအတွေးတစ်ခုကိုသူငယ်ချင်းများနဲ့ မျှဝေနိုင်မယ့် နည်းပညာကိုအနာဂတ်မှာအသုံးပြုနိုင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

Facebook က F8 Conference မှာ Augmented Reality Device တစ်ခု၊ အင်တာနက် ထုတ်လွှင့်ပေးမယ့် Drone တစ်ခု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ ကိရိယာတစ်ခုနဲ့ လူ့ရဲ့ စိတ်ကိုဖတ်နိုင်တဲ့ ကိရိယာတစ်ခုကို မိတ်ဆက်မယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

Facebook ရဲ့ စီအီးအို ဖြစ်သူ Mark Zuckerberg က ဒီလိုနည်းပညာ ထုတ်ကုန်မျိုးဟာဆယ်စုနှစ်များ စွာအချိန်ယူပြီးမှ ထုတ်လုပ်လို့ရမယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအတွက် လာမယ့် ဧပြီလမှာကျင်းပမယ့် F8 Conference မှာအဲဒီထုတ်ကုန်ကို မြင်တွေ့ရဖို့ သေချာခြင်းတော့ မရှိပါဘူး။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment